my_neh_tn_l3/05/06.txt

22 lines
4.1 KiB
Plaintext

[
{
"title": "ထိုသို့အပြစ်တင်မြည်တမ်းသောစကားကို ငါ သည် ကြားသောအခါ",
"body": "\"မြည်တမ်းဟူသောစကားလုံးကို ကြိယာအဖြင့်ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"သူတို့၏ ငိုကြွေးမြည်တမ်းခြင်းကို ငါကြားသောအခါ\" (ရှု၊ figs_abstractnouns)"
},
{
"title": "သင်တို့ သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့်",
"body": "ယုဒလူမျိုးတစ်ဦးသည် အခြားသောယုဒတစ်ဦးအပေါ် အတိုးစားခြင်းသည် တရားဥပဒေအရ မှားယွင်းကြောင်းကို ယုဒလူမျိုးတိုင်းသိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"သင်တို့အယောက်စီတိုင်းသည် သင်တို့၏ ညီအစ်ကိုများအပေါ် အတိုးစားနေကြသည်။ တရားဥပဒေအရ ထိုအရာသည် မှားယွင်းခြင်းဖြစ်သည်။\" (ရှု၊ figs_explicit)"
},
{
"title": "ဆုံးမသဖြင့်၊ သူတို့တဘက်၌ လူအများတို့ကို စုဝေးစေလျက်",
"body": "သူသည် လူအုပ်စုကြီးကို အတူတကွ စုဝေးစေပြီး သူတို့၏ အတိုးစားခြင်းကို ဆန့်ကျင်ခြင်းဖြစ်ကြောင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ငါသည် သူတို့တဘက်၌ လူစုလူဝေးကြီးကို စုဝေးစေပြီး ဆုံးမခဲ့သည်\" သို့မဟုတ် \"လူစုလူဝေးကြီးများရှေ့တွင် သူတို့ကို အမှုစစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။\" (ရှု၊ figs_explicit)"
},
{
"title": "သင်တို့သည် ညီအစ်ကိုတို့ကို တဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟုဆိုလျှင်၊",
"body": "သူတို့သည် အခြားသောယုဒလူများထံသို့ သူတို့၏ မိသားစုဝင်များကို ကျွန်အဖြစ်ရောင်းစားခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ယခုတွင် သင်တို့သည် သင်တို့၏လူများတို့ကို ယုဒလူမျိုးများထံသို့ ရောင်းကြသည်။ ထို့ကြောင့် သူတို့သည် အမျိုးသားချင်းတို့တွင် ရောင်းစားခြင်းခံရဦးမည်လော။\" (ရှု၊ figs_explicit)"
},
{
"title": "အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လော",
"body": "ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"အမျိုးသားအချင်းချင်းများထံတွင် ကျွန်အဖြစ်ရောင်းစားခံရသည်\" (ရှု၊ figs_activepassive"
}
]