my_mrk_tn_l3/14/60.txt

30 lines
4.8 KiB
Plaintext

[
{
"title": "ဆက်စပ်မှုဖော်ပြချက်",
"body": "သခင်ယေရှုက ခရစ်တော်ဖြစ်ကြောင်း အဖြေပေးသောအခါတွင် ယဇ်ပရောဟိတ်အကြီးတို့နှင့် ခေါင်းဆောင်တို့က သေသင့်သော သူအဖြစ် ရှုတ်ချကြသည့် အကြောင်းအရာဖြစ်သည်။"
},
{
"title": "သူတို့ အလယ်၌ မတ်တပ်ထ၍",
"body": "စိတ်ဆိုးနေသောလူအုပ်အလယ်တွင် သခင်ယေရှုက စကားပြောရန် မတ်တပ်ရပ်သည်။ သခင်ယေရှု စကားပြောစဉ်ရှိသောသူများကို ပေါ်လွင်အောင် ဘာသာပြန်ပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ \"ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် အသက်ကြီးသူများ အလယ်၌ မတ်တပ်ရပ်ခဲ့သည်။\" (ရှု၊ figs_explicit|Assumed Knowledge and Implicit Information)"
},
{
"title": "သင်သည် တခွန်းမျှပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်း",
"body": "ယဇ်ပုရောဟိတ်မင်းက မျက်မြင်သက်သေများ၏ သက်သေခံချက်အပေါ်တွင် သခင်ယေရှုအား မေးခြင်းမဟုတ်။ မျက်မြင်သက်သေများမှားယွင်းစွာ သက်သေခံခြင်းအပေါ်တွင် သက်သေပြရန် သခင်ယေရှုထံ တောင်းဆိုနေခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"သင်ပြန် မချေပဘူးလား။ သင့်ကို ဆန့်ကျင်၍သက်သေခံချက်များ ပြောသော ဤလူများအပေါ် မတုံ့ပြန်ဘူးလား။\" (ရှု၊ figs_explicit)"
},
{
"title": "မင်္ဂလာရှိသော ဘုရားသခင်၏သားတော် ",
"body": "ဤနေရာတွင် ဘုရားသခင်သည် မင်္ဂလာရှိသောသူ ဟု ပြောထားသည်။ အကောင်းဆုံးဘာသာပြန်ရန်အတွက် \"သားတော်\" ဟူသော စကားလုံးကို သင့်ဘာသာစကားတွင် ပြော အဖေက သားကို ခေါ်သော စကားလုံးကို အသုံးပြုပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ \"မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော သား\" သို့မဟုတ် \"ဘုရား၏ သားတော်\" (ရှု၊ figs_nominaladj and guidelines_sonofgodprinciples)"
},
{
"title": "ယေရှုက",
"body": "အဓိပ္ပာယ် နှစ်မျိုးရှိသည်။ ၁။ ယဇ်ပုရောဟိတ်မင်းကြီး၏ အမေးကို တုံ့ပြန်ခြင်း နှင့် ၂။ သူ့ကိုယ်သူ ရည်ညွှန်း၍ ပြောခြင်း "
},
{
"title": "တန်ခိုးတော်၏ လက်ျာဘက်၌",
"body": "\"တန်ခိုးတော်\"သည် ဘုရားသခင်ကို ရည်ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"ဘုရားသခင်၏ တန်ခိုးနှင့်ပြည့်စုံသော ညာလက်ရုံး\" (ရှု၊ figs_metonymy)"
},
{
"title": "မိုဃ်းတိမ်ကို စီး၍ ကြွလာသည်",
"body": "ဤစာကြောင်းတွင် မိုးတိမ်ကို သခင်ယေရှုပြန်ကြွလာမည့် အချိန်၌ လိုက်ပါမည့်အရာအဖြစ် ဖော်ပြထားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"မိုးကောင်းကင်တွင်ရှိသော တိမ်ကို ဖောက်၍ ကြွဆင်းလာသောအခါ\" (ရှု၊ figs_metaphor)"
}
]