my_mrk_tn_l3/08/16.txt

22 lines
4.4 KiB
Plaintext

[
{
"title": "ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကို",
"body": "ဤရေးသားပုံတွင်၊ \"ဤ\" ဟူသောစကားလုံးသည် ယေရှုပြောသောစကားတော်အားလုံးကို ရည်ညွှန်း၍ ဖော်ပြရန် အထောက်အကူပြုသည်။ အခြားသောဘာသာပြန်၊ \"သူက ထိုသို့မိန့်ဆိုသည် အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ထံတွင် မုန့်မရှိပါ\" (ရှု၊ figs_explicit)"
},
{
"title": "မုန့်မပါ",
"body": "တပည့်တော်တို့ထံတွင် မုန့်တစ်လုံးတည်းသာရှိသည်၊ မုန့်လုံးဝမရှိခြင်းနှင့် ခြားနားလွန်းခြင်း မရှိပါ။ အခြားသောဘာသာပြန်၊ \"မုန့် အနည်းငယ်\" (ရှု၊ figs_hyperbole)"
},
{
"title": "သင်တို့၌ မုန့်မပါသည်ကိုထောက်၍ အဘယ်ကြောင့်အချင်းချင်း ဆွေးနွေးပြောဆိုကြသနည်း",
"body": "ဤနေရာတွင် ယေရှုသည် သူ၏တပည့်တော်တို့ကို အနည်းငယ် အပြစ်တင်နေခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူပြောခဲ့သော အကြောင်းကို နားလည်သင့်ကြသောကြောင့်ဖြစ်သည်။ အဟုတ်ဝါကျ အဖြစ် ရေးသားဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ \"သင်တို့သည် ငါမိန့်ကြားခဲ့သော မုန့်အစစ်အကြောင်းကို မဆွေးနွေးသင့်တော့ပါ\" (ရှု၊ figs_rquestion)"
},
{
"title": "ယခုတိုင်အောင် နှလုံးမသွင်း၊ နားမလည်ကြသလော",
"body": "ဤမေးခွန်းနှစ်ခုသည် တူညီသောအဓိပ္ပာယ်ရှိ၍ သူတို့ နားမလည်ကြသည်ကို အတူတကွ အသားပေး ဖော်ပြခြင်းဖြစ်သည်။ မေးခွန်းတစ်ခုအနေနှင့်သော်လည်းကောင်း ရိုးရိုးဝါကျအနေနှင့်လည်းကောင်း ရေးသားဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ \"သင်တို့ နားမလည်နိုင်ကြသေးဘူးလား\" သို့မဟုတ် \"သင်တို့သည် ငါမိန့်သောအရာနှင့် ပြုသောအရာတို့ကို ယခု သဘောပေါက်ပြီး နားလည်သင့်သည်။\" (ရှု၊ figs_parallelism နှင့် figs_rquestion)"
},
{
"title": "သင်တို့ စိတ်နှလုံးမိုက်သေး သလော",
"body": "ဤဥပစာအသုံးသည် ထိုသူတို့က ယေရှု၏ ဆိုလိုရင်းကို သဘောမပေါက် သို့မဟုတ် နားလည်ချင်သောစိတ် မရှိကြသည်ကို ရည်ညွှန်းသည်။ ရိုးရိုးဝါကျ အနေဖြင့် ရေးသားဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်၊ \"သင်တို့၏နှလုံးသားသည် ငါမိန့်ကြားသောအကြောင်း နားလည်သဘောပေါက်ရန်အတွက် ဖွင့်မထားပါ\" သို့မဟုတ် \"သင်တို့၏နှလုံးသားသည် သဘောပေါက်ရန် စိတ်ဆန္ဒမရှိကြ။\" (ရှု၊ figs_metaphor နှင့် figs_rquestion)"
}
]