my_mrk_tn_l3/13/11.txt

42 lines
6.7 KiB
Plaintext

[
{
"title": "အပ်နှံခြင်းငှါ ပို့ ဆောင် ",
"body": "ဆိုလိုသည်မှာ တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်သို့ အပ်သည် (အခွင့်အာဏာ ရှိသောသူ)။ အခြားသော ဘာသာပြန်ဆိုချက်၊ \"သင့်ကို အခွင့်အာဏာရှိသော သူထံ အပ်နှံသည်။\" (ရှု၊ figs_idiom)"
},
{
"title": "သန့်ရှင်းသောဝိညာဉ်တော်သည်",
"body": "အခြားသော ဘာသာပြန်ဆိုချက်၊ \"သို့သော် သန့်ရှင်းသော ဝိညာဉ်တော် က သင်တို့ကို စကားပြောလိမ့်မည်။\" (ရှု၊ figs_ellipsis)"
},
{
"title": "ညီအစ်ကိုချင်း တယောက်ကိုတယောက် သေစေခြင်းငှါ ",
"body": "ညီအစ်ကိုချင်း တယောက်ကိုတယောက် သေစေခြင်းငှါ (ညီအစ်ကို တစ်ယောက်သည် သူ့၏အခြားသော ညီအစ်ကို တစ်ယောက်ကို သေစေခြင်းငှာ ပို့ဆောင်လိမ့်မည်။) ဆိုလိုသည်မှာ \"ညီအစ်ကိုတစ်ယောက်သည် သူ့၏ အခြားသော ညီအစ်ကို တစ်ယောက်ကို သစ္စာဖောက်လိမ့်မည်။ ဤသစ္စာဖောက်မှုက သူ့အစ်ကို၏ အသက်ကို ဆုံးရှုံးစေလိမ့်မည်\"။ အခြားသော ဘာသာပြန်ဆိုချက်၊ \"ညီအစ်ကို တစ်ယောက်သည် သူ့၏ အခြားသော ညီအစ်ကို တစ်ယောက်ကို သေခြင်းသို့ ပို့ဆောင်ရန်အတွက် သစ္စာဖောက်လိမ့်မည်\"။ (ရှု၊ figs_idiom)"
},
{
"title": "ညီအစ်ကိုချင်း တယောက်ကိုတယောက်",
"body": "ဆိုလိုသည်မှာ ညီအစ်ကိုမောင်နှမ အားလုံးကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"သွေးချင်း ညီအစ်ကို မောင်နှမ တစ်ယောက်စီ\"။ (ရှု၊ figs_gendernotations)"
},
{
"title": "အဘသည်လည်း သားသမီးကို",
"body": "ဆိုလိုသည်မှာ အဘသည် သူ၏သားသမီးကို သစ္စာဖောက်၍ သေဆုံးစေလိမ့်မည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"အဘသည် သူ၏ သားသမီးကို သေဆုံးခြင်းသို့ ပို့ဆောင်လိမ့်မည်။\" သို့မဟုတ် \"အဘသည် သူ၏ သားသမီးကို သစ္စာဖောက်၍ သေဆုံးစေလိမ့်မည်\" (ရှု၊ figs_ellipsis and figs_idiom)"
},
{
"title": "သားသမီးတို့သည်လည်း မိဘကိုရန်ဘက်ပြု၍ ",
"body": "ဆိုလိုသည်မှာ သားသမီးတို့သည် မိဘတို့ကို ဆန့်ကျင်၍ သစ္စာဖောက်ကြလိမ့်မည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"သားသမီးတို့သည် မိဘတို့ကို အတိုက်အခံ လုပ်၍ ဆန့်ကျင်ကြလိမ့်မည်\"။ (ရှု၊ figs_idiom)"
},
{
"title": "သေစေကြလိမ့်မည်",
"body": "ဆိုလိုသည်မှာ အခွင့်အာဏာရှိသူတို့က သေစေရန် ပြုလုပ်လိမ့်မည်။ ဤစာကြောင်းကို အပြုသဘောဆောင်၍ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"အခွင့်အာဏာရှိသူတို့က သေစေရန် ပြစ်ဒဏ်ချမှတ်သည်\"။ (ရှု၊ figs_activepassive)"
},
{
"title": "လူအပေါင်းတို့သည်လည်း သင်တို့ကိုမုန်းကြလိမ့်မည်",
"body": "ဤစာကြောင်းကို အပြုသဘောဆောင်၍ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"လူတို့က သင်တို့ကို မုန်းလိမ့်မည်\"။ (ရှု၊ figs_activepassive)"
},
{
"title": "ငါ၏နာမကြောင့်",
"body": "ယေရှုက သူ့ကိုသူ \"ငါ၏ နာမကြောင့်\" ဟူ၍ ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"ငါ့ကြောင့်\" သို့မဟုတ် \"ငါ့ကို ယုံကြည်သောကြောင့်\" (ရှု၊ figs_metonymy)"
},
{
"title": "အကြင်သူသည် အဆုံးတိုင် အောင်တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။",
"body": "ဆိုလိုသည်မှာ လူတစ်ယောက်သည် အသက်သေဆုံးသည့်တိုင်အောင် ဘုရားသခင်ထံ သစ္စာစောင့်သိ တည်ကြည်ခြင်းကို ဆိုလိုသည်။ ဤစာကြောင်းကို အပြုသဘောဆောင်၍ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"မည်သူမဆို အသက်သေဆုံးသည့်တိုင်အောင် ဘုရားသခင်ထံ သစ္စာစောင့်သိ တည်ကြည်လျှင် ဘုရားသခင်က သူ့ကို ကယ်တင်လိမ့်မည်\"။ (ရှု၊ figs_explicit and figs_activepassive)"
}
]