my_mrk_tn_l3/10/13.txt

38 lines
5.1 KiB
Plaintext

[
{
"title": "ဆက်စပ် ဖော်ပြချက်",
"body": "တပည့်တော်တို့သည် လူအများတို့ကို သူငယ်များအား ယေရှုထံ ခေါ်လာကြသောကြောင့် အပြစ်တင်ကြသဖြင့်၊ သူသည် သူငယ်တို့ကို ကောင်းကြီးပေးပြီး တပည့်တော်တို့ကို ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်စားရန် လူတို့သည် ကလေးသူငယ်ကဲ့သို့ စိတ်နှလုံးနှိမ့်ချခြင်းရှိရမည်အကြောင်း ပြန်လည်သတိပေး ဆုံးမတော်မူသည်။ "
},
{
"title": "ဆောင်ခဲ့သည်ဖြစ်၍",
"body": "\"လူတို့သည် ခေါ်ဆောင်လာနေကြသည်။\" ဇာတ်လမ်းပုံပြင်၏ နောက်ထပ် အဖြစ်အပျက် ဖြစ်သည်။ (ရှု၊ writing_newevent)"
},
{
"title": "တို့စေခြင်းငှါ",
"body": "ဤနေရာတွင် ယေရှုသည် လက်တော်ဖြင့် တို့ထိပြီး သူတို့ကို ကောင်းကြီးပေးလိမ့်မည်ဟု ဆိုလိုသည်။ အခြားသောဘာသာပြန်၊ \"သူသည် လက်တော်နှင့် တို့ထိပြီးလျှင် ကောင်းကြီးပေးစေခြင်းငှာ\" သို့မဟုတ် \"သူသည် လက်တော်ကို သူတို့အပေါ်တွင်တင်၍ သူတို့ကို ကောင်းကြီးပေးစေခြင်းငှာ\" (ရှု၊ figs_explicit)"
},
{
"title": "အပြစ်တင်ကြ၏",
"body": "\"လူအပေါင်းတို့ကို အပြစ်တင်ကြသည်\""
},
{
"title": "ယေရှုသည် မြင်တော်မူလျှင်",
"body": "\"ထို\" ဟူသောစကားလုံးသည် ယေရှုထံသို့ သူငယ်တို့ကို ခေါ်ဆောင်လာနေကြသော လူတို့ကို တပည့်တော်တို့က အပြစ်တင်ကြခြင်းကို ရည်ညွှန်းသည်။"
},
{
"title": "အမျက်တော်ထွက်၍",
"body": "\"စိတ်ဆိုးတော်မူ၍\" (UDB)"
},
{
"title": "ထိုသူငယ်တို့ကို ငါ့ထံသို့လာပါစေလေ။ မဆီးတား ကြနှင့်",
"body": "ဤဝါကျငယ်နှစ်ကြောင်းသည် တူညီသောအဓိပ္ပာယ်ရှိပြီး အသားပေးလိုသောကြောင့် ပြန်လည်ဖော်ပြခြင်းဖြစ်သည်။ အချို့သောဘာသာစကားတွင် အခြားသောနည်းလမ်းဖြင့် အလေးပေးဖော်ပြရန် ပို၍အဆင်ပြေလွယ်ကူသည်။ အခြားသောဘာသာပြန်၊ \"ကလေးသူငယ်တို့ ငါ့ထံသို့လာရန် မပျက်မကွက် ခွင့်ပြုကြပါ\" (ရှု၊ figs_parallelism)"
},
{
"title": "မဆီးတားကြနှင့်",
"body": "အငြင်းဝါကျ နှစ်ခုဆင့်ထားခြင်းဖြစ်သည်။ အချို့ဘာသာစကားတွင် ရိုးရိုး အဟုတ်ဝါကျတွင် သုံးရန် ပို၍ အဆင်ပြေလွယ်ကူသည်။ အခြားသောဘာသာပြန်၊ \"ခွင့်ပြုသည်\" (ရှု၊ figs_doublenegatives)"
},
{
"title": "ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏",
"body": "လူတို့ပိုင်ဆိုင်သော နိုင်ငံတော်သည် သူတို့ပါဝင်သော နိုင်ငံတော်ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်၊ \"ဘုရားသခင်၏နိုင်ငံတော်သည် ထိုကဲသို့သောသူတို့ ပါဝင်သည်\" သို့မဟုတ် \"အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သောသူသာလျှင် ဘုရားသခင်၏ နိုင်ငံတော်သားများ ဖြစ်ကြသည်\" (ရှု၊ figs_metaphor)"
}
]