my_mrk_tn_l3/07/14.txt

26 lines
3.4 KiB
Plaintext

[
{
"title": "ဆက်စပ်သောအချက်အလက်",
"body": "ယေရှုသည် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့ကို မိန့်ကြားခဲ့သော အကြောင်းအရာတို့ကို လူအစုအဝေးတို့ နားလည်သဘောပေါက်ရန်အလို့ငှာ ပုံဥပမာတစ်ခုကို မိန့်ကြားတော်မူသည်။ (ရှု၊ figs_parables)"
},
{
"title": "အထံတော်သို့ ခေါ်၍",
"body": "\"ယေရှုက ဖိတ်ခေါ်၍\""
},
{
"title": "သင်တို့ရှိသမျှသည် နားထောင်နားလည်ကြလော့",
"body": "\"နားထောင်\" နှင့် \"နားလည်\" ဟူသော စကားလုံးသည် ဆက်စပ်မှုရှိသည်။ ယေရှုသည် ဤအသုံးနှစ်ခုကို တရားနာပရိတ်သတ်တို့ သူ၏မိန့်ကြားတော်မူချက်အား စိတ်ဝင်စားကြရန် ယှဉ်လျက် အလေးပေး၍ အသုံးပြုသည်။ (ရှု၊ figs_doublet)"
},
{
"title": "နားလည်",
"body": "ယေရှုက မိန့်ကြားတော်မူမည့် တရားတော်ကို သဘောပေါက်နားလည်ကြမည်အကြောင်း ဖော်ပြရာ၌ အထောက်အကူဖြစ်နိုင်ပါသည်။ အခြားသောဘာသာပြန်၊ \"ကျွန်ုပ်ပြောမည့် အကြောင်းအရာကို နားလည်သဘောပေါက်ရန် ကြိုးစားကြပါ\" (UDB) (ရှု၊ figs_ellipsis)"
},
{
"title": "လူပြင်မှလာ၍ လူအတွင်းသို့ ဝင်လျက်",
"body": "ယေရှုသည် တစ်ယောက်ယောက်၏ စားသောက်သည့်အကြောင်းကို ပြောဆိုသည်။ ဤအရေးအသားသည် \"လူအတွင်းမှ ထွက်သောအရာ\" နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အခြားသောဘာသာပြန်၊ \"လူပြင်မှ လာနိုင်သော အရာတစ်စုံတစ်ခုမျှ မရှိ\" (ရှု၊ figs_explicit)"
},
{
"title": "လူအတွင်းမှ ထွက်သောအရာ",
"body": "ဤအရေးအသားသည် လူတစ်ယောက်၏ ပြုသော သို့မဟုတ် ပြောသော အရာတို့ကို ရည်ညွှန်းသည်။ ဤအရေးအသားသည် \"လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက်\" နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အခြားသောဘာသာပြန်၊ \"လူတစ်ယောက်၏ အတွင်းမှထွက်၍ ပြုသော သို့မဟုတ် ပြောသော အရာဖြစ်သည်\" (ရှု၊ figs_explicit)"
}
]