my_mrk_tn_l3/12/38.txt

18 lines
3.1 KiB
Plaintext

[
{
"title": "ဈေး၌ ရိုသေစွာ နှုတ်ဆက်ခြင်း",
"body": "\"နှုတ်ဆက်ခြင်း\" ဟူသော နာမ်ကို \"နှုတ်ဆက်သည်\" ဟူ၍ ကြိယာအဖြစ် ဖော်ပြနိုင်သည်။ ဤသို့ နှုတ်ဆက်ခြင်းသည် လူအများက ကျမ်းတတ်ပုဂ္ဂိုလ်များကို လေးစားကြောင်း ပြသခဲ့သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"ဈေးအရပ်၌ လေးစားစွာဖြင့် နှုတ်ဆက်ကြသည်။\" (ရှု၊ figs_abstractnouns and figs_explicit)"
},
{
"title": "သူတို့သည် မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား၍",
"body": "သခင်ယေရှုက ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် မုဆိုးမတို့အား လိမ်လည်လှည့်ဖျား၍ သူတို့၏ အိမ်များကို လုယူသိမ်းစားကြောင်း ဖော်ပြခဲ့သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"သူတို့သည် မုဆိုးမတို့၏အိမ်အား လုယူသိမ်းစားရန် လိမ်လည်သော အမှု ကို ပြုကြသည်\" (ရှု၊ figs_metaphor)"
},
{
"title": "သူတို့သည် သာ၍ကြီးစွာသောဒဏ်ကို ခံရကြမည်",
"body": "အပေါင်းလက္ခဏာအားဖြင့် ဖော်ပြမည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"ဘုရားသခင်က သူတို့ကို သာ၍ကြီးစွာသောပြစ်ဒဏ် သေချာပေါက် ပေးမည်ဖြစ်သည်။\" သို့မဟုတ် \"ဘုရားသခင်က သူတို့ကို သေချာပေါက် ပြင်းထန်စွာ ဒဏ်ခတ်တော်မူမည်။\" (ရှု၊ figs_activepassive)"
},
{
"title": "သာ၍ ကြီးစွာသောဒဏ်ကို ခံရကြမည်",
"body": "\"သာ၍ကြီးစွာသော\" ဆိုသည်မှာ နှိုင်းယှဉ်ချက်တစ်ခုကို ညွှန်းဆိုခြင်းဖြစ်သည်။ ဤနှိုင်းယှဉ်ချက်မှာ ပြစ်ဒဏ်ခံရသော သူများ အချင်းချင်း နှိုင်းယှဉ်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"အခြားသူများထက် သာ၍ကြီးစွာသော ပြစ်ဒဏ်ခံရမည်ဖြစ်သည်။\" (ရှု၊ figs_explicit)"
}
]