my_mrk_tn_l3/13/11.txt

42 lines
6.5 KiB
Plaintext

[
{
"title": "အပ်နှံခြင်းငှါ ပို့ ဆောင် ",
"body": "ဆိုလိုသည်မှာ တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်သို့ အပ်သည် (အခွင့်အာဏာ ရှိသောသူ)။(အခြားသော ဘာသာပြန်ဆိုချက်) \"သင့်ကို အခွင့်အာဏာရှိသောသူထံ အပ်နှံသည်။\""
},
{
"title": "သန့်ရှင်းသောဝိညာဉ်တော်သည်",
"body": "ဖျောက်ထားသော အချက်အလက်များကို ဖြည့်စွတ်လျှင် (အခြားသော ဘာသာပြန်ဆိုချက်) \"သို့သော် သန့်ရှင်းသော ဝိညာဉ်တော် က သင်တို့ကို စကားပြောလိမ့်မည်။\""
},
{
"title": "ညီအစ်ကိုချင်း တယောက်ကိုတယောက် သေစေခြင်းငှါ ",
"body": "ညီအစ်ကိုချင်း တယောက်ကိုတယောက် သေစေခြင်းငှါ ( ညီအစ်ကိုတစ်ယောက်သည် သူ့၏အခြားသော ညီအစ်ကို တစ်ယောက်ကို သေစေခြင်းငှာ ပို့ဆောင်လိမ့်မည်။) ဆိုလိုသည်မှာ \"ညီအစ်ကိုတစ်ယောက်သည် သူ့၏အခြားသော ညီအစ်ကို တစ်ယောက်ကို သစ္စာဖောက်လိမ့်မည်။ ဤသစ္စာဖောက်မှုက သူ့အစ်ကို၏အသက်ကို ဆုံးရှုံးစေလိမ့်မည်\"။ (အခြားသော ဘာသာပြန်ဆိုချက်) \"ညီအစ်ကိုတစ်ယောက်သည် သူ့၏အခြားသော ညီအစ်ကို တစ်ယောက်ကို သေခြင်းသို့ပို့ဆောင်ရန်အတွက် သစ္စာဖောက်လိမ့်မည်\"။"
},
{
"title": "ညီအစ်ကိုချင်း တယောက်ကိုတယောက်",
"body": "ဆိုလိုသည်မှာ ညီအစ်ကိုမောင်နှမ အားလုံးကို ဆိုလိုသည်။ (အခြားသော ဘာသာပြန်ဆိုချက်) \"သွေးချင်း ညီအစ်ကို မောင်နှမ အယောက်ချင်းဆီ\"။"
},
{
"title": "အဘသည်လည်း သားသမီးကို",
"body": "ဆိုလိုသည်မှာ အဘသည် သူ၏သားသမီးကို သစ္စာဖောက်၍ သေဆုံးစေလိမ့်မည်။ (အခြားသော ဘာသာပြန်ဆိုချက်) \"အဘသည် သူ၏သားသမီး ကို သေဆုံးခြင်းသို့ ပို့ဆောင်လိမ့်မည်။\" (သို့မဟုတ်) \"အဘသည် သူ၏သားသမီးကို သစ္စာဖောက်၍ သေဆုံးစေလိမ့်မည်\""
},
{
"title": "သားသမီးတို့သည်လည်း မိဘကိုရန်ဘက်ပြု၍ ",
"body": "ဆိုလိုသည်မှာ သားသမီးတို့သည် မိဘတို့ကို ဆန့်ကျင်၍ သစ္စာဖောက်ကြလိမ့်မည်။ (အခြားသော ဘာသာပြန်ဆိုချက်) \"သားသမီးတို့သည် မိဘတို့ကို အတိုက်အခံ လုပ်၍ ဆန့်ကျင်ကြလိမ့်မည်\"။"
},
{
"title": "သေစေကြလိမ့်မည်",
"body": "ဆိုလိုသည်မှာ အခွင့်အာဏာရှိသူတို့က သေစေရန် ပြုလုပ်လိမ့်မည်။ ဤစာကြောင်းကို အပြုသဘောဆောင်၍ ဖော်ပြနိုင်သည်။ (အခြားသော ဘာသာပြန်ဆိုချက်) \"အခွင့်အာဏာရှိသူတို့က သေစေရန် ပြစ်ဒဏ်ချမှတ်သည်\"။"
},
{
"title": "လူအပေါင်းတို့သည်လည်း သင်တို့ကိုမုန်းကြလိမ့်မည်",
"body": "ဤစာကြောင်းကို အပြုသဘောဆောင်၍ ဖော်ပြနိုင်သည်။ (အခြားသော ဘာသာပြန်ဆိုချက်) \"လူတို့က သင်တို့ကို မုန်းလိမ့်မည်\"။ "
},
{
"title": "ငါ၏နာမကြောင့်",
"body": "ယေရှုက သူ့ကိုသူ \"ငါ၏ နာမကြောင့်\" ဟူ၍ ရည်ညွှန်းခြင်းဖြစ်သည်။ (အခြားသော ဘာသာပြန်ဆိုချက်) \"ငါ့ကြောင့်\" (သို့မဟုတ်) \"ငါ့ကို ယုံကြည်သောကြောင့်\""
},
{
"title": "အကြင်သူသည် အဆုံးတိုင် အောင်တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။",
"body": "ဆိုလိုသည်မှာ လူတစ်ယောက်သည် အသက်သေဆုံးသည့်တိုင်အောင် ဘုရားသခင်ထံ သစ္စာစောင့်သိ တည်ကြည်ခြင်းကို ဆိုလိုသည်။ ဤစာကြောင်းကို အပြုသဘောဆောင်၍ ဖော်ပြနိုင်သည်။ (အခြားသော ဘာသာပြန်ဆိုချက်) \"မည်သူမဆို အသက်သေဆုံးသည့်တိုင်အောင် ဘုရားသခင်ထံ သစ္စာစောင့်သိ တည်ကြည်လျှင် ဘုရားသခင်က သူ့ကို ကယ်တင်လိမ့်မည်\"။"
}
]