my_2sa_tn_l3/16/11.txt

30 lines
3.8 KiB
Plaintext

[
{
"title": "ငါ့ကိုယ်ထဲကထွက်သော ငါ့သားရင်း",
"body": "ဒါဝိဒ်က သူ့သားအား အဖေနှင့် သားကြားရင်းနှီးမှုရှိသည့်အသွင်ဖြင့် ပုံဖော်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ငါ၏သား\" သို့မဟုတ် \"ငါ ချစ်လှစွာသော သား\" (ရှု၊ figs_explicit)"
},
{
"title": "ငါ့အသက်ကို ရှာ၏",
"body": "တစ်စုံတစ်ဦးအား သတ်သည်ကို ယဉ်ကျေးစွာ ပြောနေခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ငါ့ကို သတ်ချင်သည်။\" (ရှု၊ figs_euphemism)"
},
{
"title": "ထိုဗင်္ယာမိန်အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်",
"body": "ဒါဝိဒ်က သူ့အား ထိုသူသတ်ချင်သည် ကို မအံ့ဩကြောင်း ပြောသောမေးခွန်းမျိုးဖြစ်သည်။ ဤသည်ကို တင်ပြချက် အနေဖြင့် ရေးသားနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"အမှန်ဘဲ ငါ၏ ပျက်စီးမှု ကို ဗင်္ယာမိန်အမျိုးတို့ လိုလားသည်။\" သို့မဟုတ် \"ဗင်္ယာမိန်အမျိုးတို့ ငါ၏ ပျက်စီးမှု ကိုလိုလားသည်မှာ ငါ့အဖို့ အထူးအဆန်း မဟုတ်ပါ။\" (ရှု၊ figs_rquestion)"
},
{
"title": "ကျိန်ဆဲပါလေစေ",
"body": "ဤတွင် ဒါဝိဒ် သည် ထိုသူက သူ့အား သတ်ချင်သော ဆန္ဒကို သူ့အား ပျက်စီးစေလိုသော ပုံစံဖြင့် ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ငါ့အား သေစေရန် ဆန္ဒရှိသည်။\" သို့မဟုတ် \"ငါ့အား သတ်ချင်သည်။\" (ရှု၊ figs_metaphor)"
},
{
"title": "သူ့ကို ရှိပါလေစေ။ ကျိန်ဆဲပါလေစေ",
"body": "ဤသည်မှာ သူ့အား လုပ်နေသည့်အရာမှ မတားဆီးရန် ပြောနေခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ငါ့အား ကျိန်ဆဲနေသော သူ့အား မတားဆီးနှင့်။\" (ရှု၊ figs_idiom)"
},
{
"title": "ကြည့်ရှု၍",
"body": "ဤတွင် \"ကြည့်ရှု\" သည် \"ထည့်တွက် စဉ်းစားသည်\"ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ထည့်တွက် စဉ်းစားလိမ့်မည်။\" (ရှု၊ figs_idiom)"
},
{
"title": "ငါ၏ဒုက္ခ",
"body": "ဤတွင် ဒါဝိဒ်သည် ခံရသော ဒုက္ခကို ဗင်္ယာမိန်အမျိုးတို့ သူထံ လွှတ်ထားသော အန္တရာယ်ရှိသောတိရစ္ဆာန်ကဲသို့ ပြောနေသည်။ (ရှု၊ figs_personification)"
}
]