my_2sa_tn_l3/12/09.txt

22 lines
4.4 KiB
Plaintext

[
{
"title": "သင်သည်ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း",
"body": "ဤသည်မှာ ဒါဝိဒ်အား ပြစ်တင်ပြောဆိုသော မေးခွန်းဖြစ်သည်။ ဤစာကြောင်းကို တင်ပြချက် အနေဖြင့် ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"သင်သည် ထာဝရဘုရား၏ ပညတ်တရားတော် ကိုမထီမဲ့မြင် မပြုသင့်သလို ရှေ့တော်၌ မကောင်းသည် ဟု သတ်မှတ်ထားသည် ကို မပြုသင့်ပါ။\" (ရှု၊ figs_rquestion)"
},
{
"title": "ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း",
"body": "\"ထာဝရဘုရား၏ ရှေ့တော်\" သည် \"သူ၏အတွေး\" ကို ရည်ညွှန်းသည်။ ဤတွင် ထာဝရဘုရားမှ မကောင်းခြင်းအဖြစ် သတ်မှတ်ထားသည် ကို ပြောနေခြင်း ဖြစ်သည်။\nအခြားသောဘာသာပြန်ဆိုချက်၊ \"သူပြုခဲ့သောအမှုမှာ ဆိုးယုတ်သောအမှု ဖြစ်သည်။\" (ရှု၊ figs_metonymy)"
},
{
"title": "ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ထားဖြင့်သတ်၍",
"body": "ဒါဝိဒ်သည် ဥရိယအား ကိုယ်တိုင် လက်ဖြင့် မသတ်သော်လည်း အမ္မုန်အမျိုးသားတို့၏ လက်၌ သေအောင် စီမံသည်။ ဤတွင် \"ထားနှင့်\" သည် တိုက်ပွဲ၌ ဥရိယ မည်ကဲ့သို့ သေသည်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"သင်သည် ဟိတ္တိလူ ဥရိယအား ရန်သူတို့ လက် ၌ သေအောင် စီမံသည်။\" (ရှု၊ figs_metonymy)"
},
{
"title": "ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား",
"body": "ဒါဝိဒ်သည် ဥရိယအား ကိုယ်တိုင် လက်ဖြင့် မသတ်သော်လည်း အမ္မုန်အမျိုးသားတို့၏ လက်၌ သေအောင် စီမံသည်။ ဤတွင် \"ထားနှင့်\" သည် တိုက်ပွဲ၌ ဥရိယ မည်ကဲ့သို့ သေသည်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"သင်သည် သူ့အား ရန်သူ အမ္မုန်လူမျိုးတို့၏ လက်၌ သေစေရန် စီမံသည်။\" (ရှု၊ figs_metonymy)"
},
{
"title": "သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်",
"body": "ဤတွင် \"ထား\" သည် \"လူတို့ တိုက်ပွဲ၌ သေဆုံးသည်\" ကို ရည်ညွှန်းသည်။ \"သင့်အဆွေအမျိုး\" သည်လည်း ဒါဝိဒ်၏ မိသားစု ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"အချို့သော သင့်၏ နောင်လာနောက်သားတို့သည် တိုက်ပွဲ၌ အစဉ် သေရလိမ့်မည်\" (ရှု၊ figs_metonymy)"
}
]