my_2sa_tn_l3/07/15.txt

34 lines
5.4 KiB
Plaintext

[
{
"title": "ယေဘုယျအချက်အလက်",
"body": "ထာဝရဘုရားသည် သူ၏ ကတိစကား အဆုံးသတ်ကို ပရောဖက် နေသန်အားဖြင့် ဒါဝိဒ်မင်းကြီးအား ဖော်ပြသည်။"
},
{
"title": "သို့ရာတွင် သင့်ရှေ့မှာ ငါပယ်ရှားသော ရှောလု၌ ငါ၏ကရုဏာကို နှုတ်သကဲ့သို့ သင်၏သား၌ ငါမနှုတ်",
"body": "ဤတွင် \"ကရုဏာ\" ဟူသောစကားလုံးသည် \"ယုံကြည်စိတ်ချရမှု\" ဟူသော ဒြပ်မဲ့နာမ် အဖြစ် သုံးနှုန်းနိုင်သည်။ အကောင်းသဘောဆောင်သောပုံစံအဖြစ်လည်း အသုံးပြုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"သို့ပေမယ့် ငါသည် သူအပေါ်တွင် ရှောလု ကဲ့သို့မဟုတ်ဘဲ ကတိသစ္စာအစဉ်အမြဲ တည်နေမည်။\" (ရှု၊ figs_abstractnouns and figs_litotes)"
},
{
"title": "သင့်ရှေ့မှာ ... သင်၏အမျိုးအနွယ် ... ငါ့ရှေ့မှာ ... သင်၏ရာဇပလ္လင်",
"body": "အကယ်၍ ၇:၈ တွင် တိုက်ရိုက်ကိုးကားချက်ကို သွယ်ဝိုက်ကိုးကားချက် အနေဖြင့် ပြန်ဆိုထားပါက ဤတွင် \"သင်\" ကို \"ဒါဝိဒ်\" သို့မဟုတ် \"သူ\" သို့မဟုတ် \"သူ၏\" ဟု ပြန်ဆိုရလိမ်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ဒါဝိဒ်၏ ရှေ့မှ ... ဒါဝိဒ်၏ အမျိုးအနွယ် ... ဒါဝိဒ်၏ ရှေ့မှ ... သူ၏ရာဇပလ္လင်\""
},
{
"title": "သင်၏အမျိုးအနွယ်နှင့်၊ သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည်။ သင်၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲတည်လိမ့်မည်",
"body": "ဤစာကြောင်းနှစ်ခုမှာ တူညီသော အဓိပ္ပါယ် ရှိပြီး ဒါဝိဒ်၏ မင်းဆက် အစဉ်အမြဲ တည်နေမည် ကို အထူးပြုလိုသောကြောင့် ဖြစ်သည်။ (ရှု၊ figs_parallelism)"
},
{
"title": "သင်၏အမျိုးအနွယ်နှင့်၊ သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည်",
"body": "ဤတွင် ဒါဝိဒ်၏အမျိုးအနွယ် ကို \"အိမ်\" ဟု အင်္ဂလိပ်ကျမ်းစာတွင် ဘာသာပြန်ဆိုထားပြီး ဘုရင်အဖြစ် ရှိစေမည်ကို ကိုယ်စားပြုသည်။ ဤတွင် \"နိုင်ငံ\" သည် အင်္ဂလိပ်ကျမ်းစာတွင် \"အိမ်\" ဟူ၍ သုံးနှုန်းထားသည်။ အခြား သောဘာသာပြန်ဆိုချက်၊ \"သင်သည် အသက်ရှင်၍ ငါသည် သင်၏အမျိုးအနွယ်ကို တည်တံ့စေပြီး သူတို့၏ အာဏာဇဏ်ကို ဣသရေလလူတို့အပေါ်၌ အစဉ်အမြဲ တည်တံ့စေမည်။\" (ရှု၊ figs_doublet and figs_activepassive)"
},
{
"title": "သင်၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲတည်လိမ့်မည်",
"body": "ဤတွင် \"ရာဇပလ္လင်\" သည် ထိုသူ၏ ဘုန်းတန်ခိုးအာဏာ ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ငါသည် သူ၏အုပ်ချုပ်မှု ကို ဣသရေလ အမျိုးတို့အပေါ်၌ ထာဝရ တည်တံ့စေမည်။\" (ရှု၊ figs_metonymy)"
},
{
"title": "ဗျာဒိတ်တော်စကားအလုံးစုံ",
"body": "ဤသည်မှာ ထာဝရဘုရား မိန့်မှာသောစကား ဖြစ်သည်။\n(ရှု၊ figs_metonymy)"
},
{
"title": "ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန် သည် ဒါဝိဒ်အား ပြန်ပြောလေ၏",
"body": "\"ပရောဖက်နာသန်က ဒါဝိဒ်အား ထာဝရဘုရား ဖွင့်ပြသည့် အလုံးစုံတို့ကို ပြောခဲ့သည်။\""
}
]