my_2sa_tn_l3/07/08.txt

30 lines
3.6 KiB
Plaintext

[
{
"title": "ယေဘုယျအချက်အလက်",
"body": "ထာဝရဘုရားက ပရောဖက်နေသန် အားဖြင့် ဒါဝိဒ်မင်းအား ကတိတော်တို့ကို ဖော်ပြသည်။"
},
{
"title": "ယခုမှာ",
"body": "ဤစကားစုမှာ \"ထိုအချိန်ကာလ\" ကို မီးမောင်းထိုးပြခြင်း မဟုတ်ဘဲ နောက်ဆက်လာမည့် အရေးကြီးသော အရာများကို သတိပြုမည့်စေလိုသောကြောင့် သုံးထားခြင်း ဖြစ်သည်။"
},
{
"title": "ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့်ကိုငါနှုတ်ယူ၍၊ ... လူကြီး၏ဂုဏ်အသရေကဲ့သို့ သင်၌ကြီးစွာသော ဂုဏ်အသရေကို ငါပေးပြီ",
"body": "ဤသည်မှာ ကိုးကားချက်ထဲမှ ကိုးကားချက် ဖြစ်သည်။ ဤ တိုက်ရိုက် ကိုးကားချက် ကို သွယ်ဝိုက်ကိုးကားချက် အနေဖြင့် ဘာသာပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ငါ့ကျွန်ဒါဝိဒ်အား ပြောလော့။ ငါသည် သင့်အားရွေးနုတ်ခဲ့သည် ... သင့်အား ကမ္ဘာပေါ်ရှိ ကြီးမြတ်သူတို့ထဲ တစ်ဦးဖြစ်စေမည်။\" (ရှု၊ figs_quotesinquotes and figs_quotations)"
},
{
"title": "သင်သွားလေရာရာ၌ ငါလိုက်၍",
"body": "ဤသည်မှာ ထာဝရာဘုရားသည် ဒါဝိဒ်နှင့်အတူ အစဉ်ရှိနေပြီး ကောင်းကြီး အစဉ်အမြဲ ပေးနေသည်ဟု ဆိုလိုသည်။ (ရှု၊ figs_idiom)"
},
{
"title": "သင်၏ ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ပယ်ရှား",
"body": "ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူအပေါင်းတို့ကို အဝတ်အား ဆွဲဆုတ်သကဲ့သို့ ဟူ၍ လည်းကောင်း၊ အပင်မှ အကိုင်းအခတ်အား ဖြတ်တောက်သကဲ့သို့ ဟူ၍ လည်းကောင်း ပယ်ရှားခဲ့သည် ဟူ၍ ဖြစ်သည်။\n(ရှု၊ figs_metaphor)"
},
{
"title": "သင်၌ကြီးစွာသော ဂုဏ်အသရေကို ငါပေးပြီ",
"body": "အင်္ဂလိပ်ကျမ်းစာတွင် \"အမည်\" ဟူသော စကားလုံးကို သုံးထားပြီး သူ့အား ကြီးမြတ်စေမည် ကို ဆိုလိုသည်။"
},
{
"title": "လူကြီး၏ဂုဏ်အသရေ",
"body": "ဤသည်မှာ အထင်ကရပုဂ္ဂိုလ်၏ ဂုဏ်အသရေကို ဆိုလိုသည်။"
}
]