my_2sa_tn_l3/02/26.txt

26 lines
4.8 KiB
Plaintext

[
{
"title": "ဟစ်၍",
"body": "အော်၍ခေါ်သည်။"
},
{
"title": "ထားသွားသည် အစဉ်မပြတ် ကိုက်စားရမည်လော",
"body": "ဤမေးခွန်းသည် ရှည်ကြာသောတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ကို ထောက်ပြသော မေးခွန်းဖြစ်သည်။ ဤတွင် \"ထား\" သည် တိုက်ခိုက်ခြင်း ကို ရည်ညွှန်းသည်။ တိုက်ပွဲ၌ သတ်ဖြတ်နေခြင်းကို တောရိုင်းတိရစ္ဆာန်တစ်ကောင် စစ်သူရဲများအား အမဲဖြတ်နေပုံနှင့် ခိုင်းနှိုင်းပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"အကျွန်ုပ်တို့ ထားနှင့် ဆက်လက်ပြီး အချင်းချင်း တိုက်ပွဲ ဖြစ်ရန် မသင့်တော့ပြီ။\" (ရှု၊ figs_rquestion and figs_metonymy and figs_metaphor)"
},
{
"title": "နောက်ဆုံး၌ ခါးသောအရသာကို တွေ့လိမ့်မည်ဟုမသိသော",
"body": "ဤမေးခွန်းသည် ယွာဘ အား ဤတိုက်ခိုက်ခြင်း နောက်ဆက်တွဲ အကျိုးရလဒ် သည် နာကျင်ခံစားရခြင်းသာ ဖြစ်မည် အကြောင်း သတိမူမိရန် ပြောသော မေးခွန်း အမျိုးအစား ဖြစ်သည်။ ဤတွင် \"ခါးသောအရသာ\" သည် \"နာကျင်ခံစားရခြင်း\" ကို သွယ်ဝိုက် ဖော်ပြခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ဤတိုက်ခိုက်ခြင်းဆက်လက်ဖြစ်ပွားနေလျှင် အဆုံးသတ်၌ ဆိုးဝါးသောရလဒ်သာ ရရှိလိမ့်မည်ကို သင် ကောင်းကောင်းကြီး သိပါသည်။\"\n(ရှု၊ figs_rquestion and figs_euphemism)"
},
{
"title": "လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်၊ ပြန်စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမစီရင်ဘဲ နေမည် နည်း",
"body": "ဤသည်မှာ အာဗနာသည် လူမျိုးတူ အချင်းချင်း မတိုက်ခိုက်စေခြင်းအလို့ငှါ ဖြောင်းဖြပြောဆိုသော မေးခွန်း ဖြစ်သည်။ ဤတွင် \"ညီအကို\" သည် ဣသရေလလူများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ဤအချင်းအရာကို ရပ်ပါ သို့မှသာ ဣသရေလ လူအချင်းချင်း သတ်ဖြတ်ခြင်းမှ ရပ်တန့်မည်။\"\n(ရှု၊ figs_rquestion and figs_metonymy)"
},
{
"title": "ဘုရားသခင်အသက်ရှင်တော်မူသည်အတိုင်း",
"body": "ဤသည်မှာ အလွန်တရာမှ ပြင်းထန်သော တိုင်တည် ပြောသော ကတိစကား ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ဘုရားသခင်က အကျွန်ုပ်ပြောသောစကားကို အတည်ပြုလိမ့်မည်။\""
},
{
"title": "... သင်မပြောလျှင်၊ မိုဃ်းလင်းမှသာ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်ဘဲနေကြလိမ့်မည်",
"body": "ဤစာကြောင်းအသုံးအနှုန်းမှာ အာဗနာသည် အကယ်၍ လိမ္မာပါးနပ်စွာ ယွာဘအား ပြန်လည် ပြောဆို တုံ့ပြန်ခြင်း မရှိလျှင် ဖြစ်လာမည့် အချင်းအရာ ကို ဖော်ပြသော စာကြောင်း ဖြစ်သည်။ (ရှု၊ figs_hypo)"
}
]