my_2sa_tn_l3/01/14.txt

18 lines
2.9 KiB
Plaintext

[
{
"title": "ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို သတ်ခြင်းငှါ သင့်လက်ကိုအဘယ်သို့ ဆန့်ဝံ့ သနည်း",
"body": "ဤမေးခွန်းသည် ထိုသူအား ပြင်းထန်စွာ ပြစ်တင်ရှုတ်ချသော မေးခွန်းဖြစ်သည်။ ဤမေးခွန်းကိုလည်း ထုတ်ပြန်ချက် အနေဖြင့် ဘာသာပြန်ဆိုနိုင်သည်။ အခြား သောဘာသာပြန်ဆိုချက်၊ \"သင်သည် ထာဝရဘုရားကို ကြောက်သင့်သကဲ့သို့ သူ ရွေးချယ်တင်‌မြှောက်ထားသူကို လည်း မသတ်သင့်ပါ။\""
},
{
"title": "ထာဝရဘုရား၏အခွင့်နှင့် ဘိသိက်ခံသောသူ",
"body": "ရှောလုမင်းသည် ထာဝရဘုရားမှ ရွေးချယ်၍ ဘိသိက်ပေးခန့်အပ်ထားသော ဘုရင် ဖြစ်သည်ကို ဖော်ပြသော စကားစု ဖြစ်သည်။\n(ရှု၊ figs_metonymy)"
},
{
"title": "သင်၏အသွေးသည် သင့်ခေါင်းပေါ်မှာတည်စေ",
"body": "ဤသည်တွင် \"အသွေး\" သည် \"သွန်းခဲ့သော အသွေး\" ကို ရည်ညွှန်းသလို \"သေဆုံးခြင်း\" နဲ့လည်း ဆက်စပ်မှု ရှိသည်။ \"ဤတွင် \"သင့်ခေါင်း\" သည် ထိုသူကိုယ်၌အား ရည်ညွှန်းပြီး သူယူရမည့် တာဝန် သို့မဟုတ် ပြစ်ဒဏ် ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"ဤအမှုအတွက် သင်၏ အသေပေးခြင်းဖြင့် တာဝန် ယူရမည်။\" သို့မဟုတ် \"ဤအမှုအတွက် သင့်သေတွင်း သင်တူးလေပြီ။\" (ရှု၊ figs_metonymy and figs_synecdoche)"
},
{
"title": "သင့်နှုတ်သည် သင့်ဘက်၌ သက်သေခံလေပြီ",
"body": "ဤသည်တွင် \"သင့်နှုတ်\" သည် ထိုသူအား ရည်ညွှန်းခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"သင်သည် သင့်ကိုယ်ကို ဆန့်ကျင်၍ သက်သေခံလေ၏\" (ရှု၊ figs_synecdoche)"
}
]