[ { "title": "စစ်တိုက်ပွဲ၌ သူရဲတို့သည် လဲသေကြပြီ", "body": "ဤစကားစုသည် ဣသရေလ၏ အကောင်းဆုံးသော စစ်သူရဲတို့ သေသည် ကို အထူးဖော်ပြလိုပြီး အပိုဒ်ငယ် ၂၇ တွင်လည်း ထပ်မံဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"စစ်သူရဲတို့သည် တိုက်ပွဲ၌ သေကြပြီ။\"" }, { "title": "သူရဲတို့", "body": "ဤတွင် \"သူရဲတို့\" သည် အများပြစကားလုံး ဖြစ်ပြီး ရှောလုမင်းနှင့် ယောနသန်ကိုသာ ရည်ညွှန်းခြင်း ဖြစ်နိုင်သကဲ့သို့ ဣသရေလစစ်သူရဲအားလုံးကိုလည်း ရည်ညွှန်းကောင်း ရည်ညွှန်းနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"စစ်သူရဲများ။\" (ရှု၊ figs_nominaladj)" }, { "title": "လဲသေကြပြီ", "body": "ဤတွင် \"သေသည်\" ကို အင်္ဂလိပ်လိုတွင် \"လဲလျှောင်းလေပြီ\" ဟူ၍ ယဉ်ကျေးသော အသုံးအနှုန်းကို သုံးထားသည်။ (ရှု၊ figs_euphemism)" }, { "title": "အို ယောနသန်၊ ... သည် အသေခံ လေပြီတကား", "body": "အခြားသောဘာသာပြန်ဆိုချက်၊ \"ယောနသန်သည် တိုက်ပွဲ၌ သေလေပြီ\" သို့မဟုတ် \"ရန်သူတို့သည် ယောနသန်အား သတ်ကြပြီ။\" (ရှု၊ figs_activepassive)" }, { "title": "သင်၏ မြင့်သောအရပ်တို့၌", "body": "ဒါဝိဒ်သည် သီချင်းထဲရှိ ဤအပိုင်းကို ဂိလဗောတောင်အား ၁း၂၁ တွင် ဖော်ပြထားသည့်အတိုင်း ဆက်လက်ပြီး ရည်ညွှန်း ဖော်ကြူးနေသည်။\n(ရှု၊ figs_apostrophe)" }, { "title": "ငါ့ညီယောနသန်", "body": "ဤတွင် \"ညီ\" ဟူသော စကားလုံးသည် အလွန် ရင်းနှီးကျွမ်းဝင်ရှိသော သူငယ်ချင်း အဖြစ် ဖော်ပြထားသည်။" }, { "title": "ငါ့ကိုချစ်သော မေတ္တာသည် အံ့ဩဘွယ်သောမေတ္တာ၊ မိန်းမကို ချစ်တတ်သော မေတ္တာထက်သာ၍၊ အားကြီးသောမေတ္တာဖြစ်၏", "body": "ဤတွင် \"မေတ္တာ\" သည် မိတ်ဆွေစစ်မိတ်ဆွေမှန် သစ္စာရှိသည် ဟူသော အရာကို ဖော်ညွှန်းသည်။ ဒါဝိဒ် ၌ ထားသော ယောနသန်၏ သစ္စာသည် ဇနီးသည် တစ်ဦးမှ ခင်ပွန်းနှင့် သားသမီးအပေါ် ထားသည့် သစ္စာ ထက် ပို၍ သာလွန်သည်။" } ]