my_2pe_tn_l3/01/16.txt

38 lines
4.9 KiB
Plaintext

[
{
"title": "ဆက်စပ်မှုဖေါ်ပြချက်\n",
"body": "ပေတရုက ယုံကြည်သူများကို ဆက်လက်သင်ကြားပြီး သူတို့ကို မည်သို့သော အကြောင်းများကြောင့် ယုံကြည်စိတ်ချ၍ ရကြောင်းကို ရှင်းပြသည်။"
},
{
"title": "ငါတို့သည် ပရိယာယ်နှင့် ပြင်ဆင်သော ဒဏ္ဍာရီ စကားကိုမလိုက်၊ ",
"body": "ဤတွင် ''ကျွန်ုပ်တို့'' ဆိုသော စကားသည် ပေတရုနှင့်အခြားသော တမန်တော်များကို ဆိုလိုခြင်းဖြစ်ပြီး စာဖတ်သူများကို ဆိုလိုခြင်းမဟုတ်ပါ။ အခြားသောဘာသာပြန်ဆိုချက်၊ \"တမန်တော်ဖြစ်သောငါတို့သည် ပရိယာယ်နှင့် ဖန်တီးထားသော စကားကိုမလိုက်သောကြောင့်ဖြစ်သည်။\" (ရှု၊ figs_exclusive)"
},
{
"title": "ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်နှင့် ကြွလာတော်မူခြင်း",
"body": "ဤတွင် \"ကြွလာတော်မူခြင်း\"သည် သခင်ယေရှု ဒုတိယအကြိမ်ကြွလာတော်မူခြင်းကို ပြောသည်။ ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ (၁) \"ငါတို့ သခင်ယေရှုခရစ်တော်၏ တန်ခိုးတော်နှင့် သူ၏ ကြွလာတော်မူခြင်း\" သို့မဟုတ် (၂) \"ငါတို့ သခင်ယေရှု ခရစ်တော် ဘုန်းတန်ခိုးနှင့် ပြည့်စုံသော ကြွလာတော်မူခြင်း\" (ရှု၊ figs_hendiadys) "
},
{
"title": "ငါတို့သခင်ယေရှုခရစ်တော်",
"body": "ဤတွင် ''ကျွန်ုပ်တို့၏'' ဟူသည်မှာ ယုံကြည်သူအားလုံးကိုဆိုလိုသည်။"
},
{
"title": " အသံတော်သည်၊ ထူးမြတ်သောအရောင်အဝါတော်",
"body": "အခြားသောဘာသာပြန်ဆိုချက်၊ ''ထူးမြတ်သောအရောင်အဝါတော်ထဲက အသံကို သူကြားခဲ့သောအခါ'' သို့မဟုတ် \"ထူးမြတ်သော အရောင်အဝါတော်က သူ့ကိုစကားပြောသောအခါ\" (ရှု၊ figs_activepassive)"
},
{
"title": "အသံ ..... ရောက်လာသောအခါ",
"body": "ဘုရားသခင်၏ စကားတော်"
},
{
"title": "ထူးမြတ်သောအရောင်အဝါတော်",
"body": "ပေတရုက ဘုရားသခင်၏ ဘုန်းတော်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဘုရားသခင်၏ နာမကို အသုံးပြုမိခြင်းမှရှောင်ရှားရန် ဤနားထောင်ကောင်းအောင် ပြောသောစကားကို သူအသုံးပြုထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ဘုရားသခင်၏ ထူးကဲလွန်ကဲသောတန်ခိုးတော်\" (ရှု၊ figs_metonymy and figs_euphemism)"
},
{
"title": "ကောင်းကင်က ရောက်လာသော ထိုအသံတော် ကို ငါတို့သည် သန့်ရှင်းသောတောင်ပေါ်မှာ သခင်ဘုရား နှင့်အတူရှိသောအခါ ကြားရကြ၏။",
"body": "ပေတရုက ဘုရားသခင်၏ အသံတော်ကို ကြားရသော မိမိနှင့်တပည့်တော် ယာကုပ်နှင့် ယောဟန်တို့ကို ရည်ညွန်းခြင်းဖြစ်သည်။ "
},
{
"title": "ငါတို့သည်ဘုရားသခင်နှင့်အတူရှိသည်။",
"body": "ငါတို့သည် သခင်ယေရှုနှင့်အတူ ရှိသည်။"
}
]