my_2ki_tn_l3/06/32.txt

54 lines
8.0 KiB
Plaintext

[
{
"title": "ရှင်ဘုရင်က သူ့ရှေ့၌ လူတစ်ယောက်ကို လွှတ်လိုက်သည်",
"body": "\"ရှင်ဘုရင်၏ ရှေ့၌\" သည် သူ၏ကျွန်များမှ တစ်ယောက်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ဣသရေလရှင်ဘုရင်က သူ့ကျွန်တစ်ယောက်ကို စေတမန်အဖြစ်လွှတ်လိုက်သည်\" (ရှု၊ figs_idiom)"
},
{
"title": "တမန်သည် ဧလိရှဲထံသို့လာသည့်အခါ သက်ကြီးသူများကို ပြောသည်",
"body": "ရှင်ဘုရင်၏ စေတမန်ရောက်လာသည့်နှင့် ဧလိရှဲက သက်ကြီးသူများကို ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"စေတမန်များ ရောက်လာသည့်အခါ ဧလိရှဲက သက်ကြီးသူများကို ပြောသည်\" (ရှု၊ figs_explicit)"
},
{
"title": "ဤလူသတ်၏သားက ငါ၏ ခေါင်းကိုယူရန် ပို့လိုက်သည်ကို ကြည့်ကြပါ",
"body": "တမန်၏ အာရုံကိုဆွဲဆောင်ပြီး ရှင်ဘုရင်ကို စော်ကားသည့်အနေဖြင့် ဤအဖြေမလိုသော မေးခွန်းကို ဧလိရှဲက သုံးခြင်းဖြစ်သည်။ ရိုးရိုးဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"လူသတ်၏ သားသည် ငါ့ခေါင်းကိုဖယ်ရှားရန်အတွက် လူတစ်ယောက်လွှတ်လိုက်သည်ကို ကြည့်ကြပါ\" (ရှု၊ figs_rquestion)"
},
{
"title": "လူသတ်၏သား",
"body": "ဣသရေလရှင်ဘုရင်သည် လူသတ်သည့်အကျင့်ရှိသည်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"လူသတ်သမားနှင့် တူသည့် ဤလူ\" သို့မဟုတ် \"ထိုလူသတ်သမား\" (ရှု၊ figs_idiom)"
},
{
"title": "ပို့လိုက်ပြီ",
"body": "မြှပ်ထားသည့် စကားလုံးကို ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"တစ်စုံတစ်ယောက်ကို ပို့သည်\" (ရှု၊ figs_ellipsis) "
},
{
"title": "ငါ၏ခေါင်းကို ယူသွားကြပါ",
"body": "သူ့ကို ခေါင်းဖြတ်ရန်ကို ဆိုလိုသည်။ အခြားသောဘသာပြန်ဆိုချက်၊ \"ငါ၏ခေါင်းကိုဖြတ်ရန်\" သို့မဟုတ် \"ငါ့ခေါင်းကိုဖြတ်ရန်\" (ရှု၊ (figs_euphemism)"
},
{
"title": "ကြည့်ပါ",
"body": "သူ နောက်ထပ်ပြောချင်သည့် အရာကြောင့် သက်ကြီးများ၏အာရုံကို ဆွဲခေါ်သည့်အနေဖြင့် ဧလိရှဲက ဤစကားလုံးကို သုံးခြင်းဖြစ်သည်။ (ရှု၊ figs_idiom)"
},
{
"title": "တံခါးကို သူ့နားမှာ ပိတ်ကြလော့",
"body": "တစ်စုံတစ်ယောက်အတွက် တံခါးပိတ်ခြင်းသည် ထိုတံခါးမှ မဝင်ရန် တံခါးပိတ်ခြင်းဖြစ်သည်။ အခြားသောဘသာပြန်ဆိုချက်၊ \"သူမဝင်လာနိုင်အောင် တံခါးကို ပိတ်ထားပါ\" (ရှု၊ figs_idiom)"
},
{
"title": "သူ့နောက်၌ သူ့သခင်၏ခြေသံမမြည်သလော။",
"body": "ရှင်ဘုရင်သည် သူနှင့် မနီးမဝေးတွင်လာသည်ကို သက်ကြီးများအား ဟုတ်မှန်သည့်အကြောင်းဖြင့် ဤမေးခွန်းကို ဧလိရှဲကသုံးခြင်းဖြစ်သည်။ ဤအဖြေမလိုသော မေးခွန်းမျိုးကို ရိုးရိုးဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာ ပြန်ဆိုချက်၊ \"သူ့သခင်၏ ခြေသံသည် သူ၏ နောက်တွင်ဖြစ်သည်\" သို့မဟုတ် \"သူရောက်ပြီး မကြာခင် ဘုရင်သည် လာလိမ့်မည်\" (ရှု၊ figs_rquestion)"
},
{
"title": "တမန်ကို ကြည့်ပါ",
"body": "\"ကြည့်ပါ\" စကားလုံးသည် စေတမန်ရောက်လာကြောင်းကို ငါတို့အား အသိပေးသည့်အချက်ဖြစ်သည်။"
},
{
"title": "တမန်သည် သူ့ဆီသို့ရောက်လာကြသည်",
"body": "တမန်သည် ရောက်လာပြီး ရှင်ဘုရင်က ဧလိရှဲပြောသည့်အတိုင်း လုပ်လေသည်။ \"သူ့ဆီသို့လာသည်\" စကားစုသည် သူရှိသည့်နေရာတွင် သူတို့ရောက်ရှိလာကြသည်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"စေတမန်နှင့်ရှင်ဘုရင်သည် ရောက်လာကြသည်\" (ရှု၊ figs_explicit နှင့် figs_idiom)"
},
{
"title": "ကြည့်ပါ ဤအမှု",
"body": "\"အမှန်တကယ်၊ ဤအမှု\" \"ကြည့်ပါ\" စကားလုံးသည် နောက်လိုက်လာသည့်အကြောင်းကို အလေးနက်ပေးချင်သည့်အတွက်ဖြစ်သည်။ \"ဤအမှု\" စကားစုသည် ရှမာရိ၌ကျရောက်သည့် အစာခေါင်းပါးမှုကို ဆိုလိုသည်။"
},
{
"title": "ထာဝရဘုရားကို အဘယ့်ကြောင့် စောင့်ရမည်နည်း",
"body": "ထာဝရဘုရားက သူတို့ကို ကူညီနိုင်သည်ဟု မယုံကြည်ခြင်းကို အလေးနက်ပေးချင်သည့်အတွက် ဘုရင်က ဤမေးခွန်းမျိုးကို သုံးခြင်းဖြစ်သည်။ ရိုးရိုးဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ငါတို့ကို ထာဝရဘုရားက ကူညီလာရန်ကို အဘယ့်ကြောင့် ငါသည်စောင့်ရမည်နည်း\" သို့မဟုတ် \"ထာဝရဘုရားမှ အကူအညီကို ငါမစောင့်နိုင်ပါ\" (ရှု၊ figs_explicit နှင့် figs_rquestion)"
}
]