[ { "title": "ဤကြီးမားသောအမှုကို လုပ်သင့်သည့် သင်၏ကျွန်မှာ အဘယ်သူနည်း။", "body": "ဟာဇေလက သူ့ကိုယ်သူ ဧလိရှဲ၏ကျွန်ဟု ရည်ညွှန်းသည်။ ဧလိရှဲပြောသည့် ကြောက်စရာအမှုကို သူမလုပ်နိုင်သည်ကို အလေးနက်ပေးချင်သည့်အတွက် ဧာဇေလက ဤမေးခွန်းမျိုးကိုသုံးခြင်းဖြစ်သည်။ ရိုးရိုးဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ဤမျှလောက်ကြီးမားသောအမှုကို ငါသည် မလုပ်နိုင်ပေ\" သို့မဟုတ် \"ဤမျှလောက်ကြီးမားသောအမှုကို လုပ်နိုင်သည့်တန်ခိုးရှိသူမှာ အဘယ်သူနည်း\" (ရှု၊ figs_rquestion)" }, { "title": "ဤကြီးမားသောအမှု", "body": "\"ဤကြောက်စရာအမှု\" \"ကြီးမားသော\" သည် ကြောက်စရာ၊ ကြီးမားသော အကျိုးသက်ရောက်မှုကို ရှိသည့်အမှု တစ်စုံတစ်ခုကို ဆိုလိုသည်။" }, { "title": "သူသည် ခွေးသာလျှင်ဖြစ်သည်။", "body": "ဟာဇေလက သူ့ကိုယ်သူပြောခြင်းဖြစ်သည်။ သူသည် နိမ့်ကျသည့်အဆင့်၊ လွှမ်းမိုးမှုမရှိသည့်အတွက် သူ့ကိုယ်သူခွေးနှင့်နှိုင်းယှဉ်ခြင်းဖြစ်သည်။ ခွေးသည် နိမ့်ကျသော တိရိစ္ဆာန်ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ငါသည် ခွေးကဲ့သို့ ဩဇာမဲ့နေသည်\"(UDB) သို့မဟုတ် \"ငါသည် နိမ့်ကျသော ခွေးကဲ့သို့ အာဏာမဲ့ဖြစ်နေသည်\" (ရှု၊ figs_metaphor)" }, { "title": "သူ၏သခင်ဆီကို လာသည်", "body": "\"သူ၏ သခင်\" သည် ဗင်္ဟာဒဒ်ကို ဆိုလိုသည်။" }, { "title": "မျက်နှာကို ဖုံးသဖြင့် သူသည်သေလေသည်", "body": "ဗင်္ဟာဒဒ်သည် စိုနေသောစောင်အောက်၌ အသက်ရှူမွန်းကြပ်သည်ကို ဆိုလိုသည်။ ဆိုလိုရင်းကို ရှင်းလင်းစွာဖော်ပြရန်လိုအပ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"ဗင်္ဟာဒဒ်သည် အသက်မရှူနိုင်သည့်အတွက် သေဆုံးလေသည်\" (ရှု၊ figs_explicit)" } ]