my_2co_tn_l3/06/04.txt

38 lines
4.8 KiB
Plaintext

[
{
"title": "ယေဘုယျအချက်အလက် ",
"body": "ဤစာပိုဒ်တွင် ပေါလုသည် သူကိုယ်တိုင် နှင့် တိမောတေ တို့အတူတကွ ရှိကြသည်ကို သိစေသည်။ (ရှု၊ figs_exclusive) "
},
{
"title": "ငါတို့ပြုသော အမှုတို့ဖြင့် ငါတို့သည် ဘုရားသခင်၏ အစေခံကျွန် ဖြစ်သည်ကို ငါတို့သည် သက်သေပြပြီ",
"body": "ငါတို့ပြုသမျှသော အရာတို့ဖြင့် ငါတို့သည် ဘုရားသခင်၏ အစေခံကျွန်များ ဖြစ်သည်ကို သက်သေပြသည်။ "
},
{
"title": "ညှင်းဆဲခံခြင်း၊ ဆင်းရဲခြင်း၊ မလွတ်နိုင်သော ဘေးဥပဒ်နှင့်တွေ့ခြင်း . . . မွတ်သိပ်ခြင်းကို",
"body": "အမျိုးမျိုးသော အခက်အခဲများကို တွေ့ကြုံခြင်းများသည် သူတို့သည် ဘုရားသခင်၏ အစေခံကျွန်များ ဖြစ်ကြောင်း သက်သေပြသည်ဟု ပေါလုက ပြေဆိုသည်။ "
},
{
"title": "စိတ်နှလုံးစင်ကြယ်ခြင်း . . . ချစ်ယောင်မဆောင်အမှန်ချစ်ခြင်း၊",
"body": "ပေါလုသည် ကောင်းမြတ်သော စိတ်ထား နှင့် အကျင့်သီလများကို ခက်ခဲသောအခြေအနေထဲတွင်ပင် လက်ကိုင်ထားကြောင်းကို ဖော်ပြခြင်းအားဖြင့် သူတို့သည် ဘုရားသခင်၏ အစေခံကျွန်များဖြစ်ကြောင်း သက်သေပြသည်။ "
},
{
"title": "သမ္မာတရားကိုဟောခြင်း ဘုရားသခင်၏ တန်ခိုးတော်ကိုပြခြင်း",
"body": "ဘုရားသခင်၏ ဘုန်းတန်ခိုးအားနှင့် ဧဝံဂေလိတရားကို ဟောကြားရန် သူတို့၏ ဆက်ကပ်ခြင်းဖြင့် သူတို့သည် ဘုရားသခင်၏ အစေခံကျွန်များဖြစ်ကြောင်းကို သက်သေ ပြသည်။ "
},
{
"title": "သမ္မာတရားကိုဟောခြင်း",
"body": "ဘုရားသခင်၏ မှန်ကန်သော နှုတ်ကပတ်တော်ကို ဟော ကြားသည်။ "
},
{
"title": "ဖြောင့်မတ်သောအကျင့်တည်း ဟူသော လက်နက်များကို လက်ျာဘက် လက်ဝဲဘက်၌ဝတ်ဆောင်ခြင်းအားဖြင့်၎င်း၊",
"body": "ဝိညာဉ်ရေးရာနှင့်ဆိုင်သော စစ်တိုက်ခြင်းများတွင် သူတို့ဖြောင့်မတ်ခြင်းကို လက်နက်အဖြစ် အသုံးပြုသည်ဟု ရှင်ပေါလုက ပြောဆိုသည်။ (ရှု၊ figs_metaphor) "
},
{
"title": "ဖြောင့်မတ်သောအကျင့်တည်း ဟူသော လက်နက်များကို",
"body": "ဖြောင့်မတ်ခြင်းသည် ငါတို့၏ စစ်ဝတ်စုံ (သို့မဟုတ်) ​ဖြောင့်မတ်ခြင်းသည် ငါတို့၏ လက်နက်များ "
},
{
"title": "လက်ျာဘက် လက်ဝဲဘက်၌",
"body": "ဖြစ်နိုင်သောဆိုလိုရင်းများမှာ (၁) လက်တဘက်တွင် လက်နက်ကို ကိုင်ကာ၊ အခြားတဖက်တွင် ဒိုင်းလွှားကို ကိုင်လျက်။ သို့မဟုတ် (၂) စစ်တိုက်ရန်အတွက် လက် နက်အပြည့်အစုံ တပ်ဆင်ထားပြီး၊ မည်သည့်နေရာမှမဆို ဝင်လာသည့် တိုက်ခိုက်မှုများကို တွန်းလှန်နိုင်စွမ်း ရှိသည်။ "
}
]