my_2co_tn_l3/05/01.txt

34 lines
4.4 KiB
Plaintext

[
{
"title": "ဆက်စပ်မှုဖော်ပြချက်",
"body": "ဘုရားသခင်ပေးမည့် ကောင်းကင်ဘုံ နှင့်စပ်ဆိုင်သော ဝိညာဉ်ကိုယ်ခန္ဓာ နှင့် ယုံကြည်သူများ၏ လက်ရှိကိုယ်ခန္ဓာ မတူညီကြောင်း ဆက်လက်ပြောဆိုသွားသည်။ "
},
{
"title": "ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ",
"body": "ရှင်ပေါလုသည် သူ၏ ကိုယ်ခန္ဓာသည် ယာယီတဲကဲ့သို့သာ ဖြစ်ပြီး ရှင်ပြန်ထမြောက်သောနေ့၌ ဘုရားသခင်ပေးမည့် ကိုယ်ခန္ဓာသည် အမြဲထာဝရတည်တံ့မည် ဖြစ်ကြောင်း ပြောဆိုသည်။ (ရှု၊ figs_metaphor)"
},
{
"title": "ငါတို့မြေအိမ်သည်ပျက်လျှင်၊ ",
"body": "ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အကယ်၍ \"လူတို့သည် ငါတို့နေသော ယာယီတဲကို ဖျက်ဆီးလျှင် သို့မဟုတ် \"ငါတို့၏ ကိုယ်ခန္ဓာကို သေစေပါက\" (ရှု၊ figs_activepassive)"
},
{
"title": "လူလက်ဖြင့်မလုပ်ဘဲ",
"body": "\"ဘုရားသခင် ဖန်ဆင်းတော်မူသော အိမ်\" ကို ရည်ညွန်းပါသည်။ ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသော ဘာသာပြန်ချက်၊ လူတို့ဖန်ဆင်း တည်ဆောက်ထားခြင်း မဟုတ်သော အိမ်။\" (ရှု၊ figs_activepassive နှင့် figs_synecdoche)"
},
{
"title": "ငါတို့သည် မြေအိမ်၌ရှိစဉ်တွင် ညည်းတွားမြည်တမ်းလျက်၊ နေကြ၏",
"body": "\"ယာယီတဲ\" ဟူသောစကားသည် \"ဤမြေကြီးပေါ်တွင် ငါတို့မှီခိုသော အိမ်\" ကိုရည်ညွန်းသည်။ \"ညည်းတွားမြည်တမ်းခြင်း\" မှာ လူတစ်ယောက်သည် ကောင်းသော အရာကို တောင့်တခြင်းကြောင့် မြွတ်ဆိုသော အသံ ဖြစ်သည်။ "
},
{
"title": "ကောင်းကင်အိမ် ထဲသို့ဝင်စားခြင်းငှါ",
"body": "\"ကောင်းကင်အိမ်\" ဟူသော စကားသည် 'ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ရည်ညွန်းသည်။ ရှင်ပြန်ထမြောက်သော ခန္ဓာကိုယ်သည် ဘုရားသခင်ဖန်ဆင်းထားခြင်း ဖြစ်ကာ တောက်ပသော အဝတ်ကိုလည်း ပေးဝတ်အုံးမည်ဟု ရှင်ပေါလုက ပြောဆိုသည်။ (ရှု။ figs_metaphor)"
},
{
"title": "ဝတ်ဆင်ရမည် ",
"body": "ကောင်းကင်ဘုံနှင့် ဆိုင်သော ခန္ဓာကိုယ်ကို ဝတ်ဆင်ရမည် "
},
{
"title": "ထိုသို့ဝင်စားလျှင် နေရာမဲ့ဖြစ်မည်မဟုတ်။",
"body": "ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"ငါတို့သည် အဝတ်ဗလာ ဖြစ်မည်မဟုတ်\" သို့မဟုတ် \"ဘုရားသခင်သည် ငါတို့ကို အဝတ်ဗလာဖြင့် မြင်တော့မည်မဟုတ်\" (ရှု၊ figs_activepassive)"
}
]