[ { "title": "ဆက်စပ်သောအချက် ", "body": "ကောရိနသုမြို့၌ရှိသော အသင်းတော်အား နှုတ်ဆက်စကား ပြောဆိုပြီးသည့်နောက်တွင် ယေရှုခရစ်တော်အားဖြင့် ဒုက္ခခံခြင်း နှင့် နှစ်သိမ့်ခြင်း အကြောင်းတို့ကို ရေးသားသည်။ တိမောသေ သည် ရှင်ပေါလု နှင့်အတူ ရှိ၏။ " }, { "title": "ယေဘုယျအချက်အလက်", "body": "ဤဩဝါဒစာစောင်ထဲတွင် တွေ့ရသော \"သင်တို့\" ဟူသော စကားလုံးသည် ကောရိနသုမြို့ရှိ အသင်းတော်၏ အသင်းသားအားလုံးတို့ နှင့် ထိုနယ်ဒေသတွင်ရှိသော ခရစ်ယာန်တို့ကို ရည်ညွန်းခြင်းဖြစ်သည်။ ဖြစ်နိုင်သည်မှာ ဤစာစောင်တွင် ရှင်ပေါလုပြောသော စကားများကို တိမောသေ သည် ပေလွှာပေါ်တွင် ရေးသည်းခြင်းဖြစ်သည်။ " }, { "title": "ငါပေါလုနှင့် ငါ့ညီတိမောသေ သည်၊ ကောရိနသုမြို့၌ရှိသော ဘုရားသခင်၏ အသင်း တော်", "body": "သင်၏ မိခင်ဘာသာစကားတွင် ပေးစာရေးသောသူသည် သူ၏ စာဖတ်ပရိတ်သတ်များကို မိတ်ဆက် နှုတ်ဆက်စကားပြောသည့် နည်း ရှိပါလိမ့်မည်။ အခြားသော ဘာသာပြန်ချက်၊ \"ကျွန်ုပ် ပေါလုသည် . . . ကောရိနသုမြို့၌ရှိသော ဘုရားသခင်၏ အသင်း တော်ရှိ သင်တို့အား စာရေးလိုက် ပါသည်။ " }, { "title": "ငါ့ညီတိမောသေ", "body": "\"ငါ့ညီတိမောသေ\" ဟူသောစကားကို ကြည့်ခြင်းအားဖြင့် ရှင်ပေါလု နှင့် ကောရိနသုမြို့ရှိ ယုံကြသည်သူများသည် တိမောသေ ကို သိသည့်အပြင် သူ့အား ဝိညာဉ်ရေးရာ၌ သူတို့၏ ညီအဖြစ် လက်ခံကြသည်။ " }, { "title": "အခါယပြည်", "body": "ရောမအင်ပါယာတွင် တောင်ဘက် အစွန်တွင်ရှိသော ပြည်နယ်တစ်ခု၊ ယခုခေတ်တွင် ဂရိပြည်၊ ဖြစ်သည်။ (ရှု။ translate_names)" }, { "title": "ဘုရားသခင် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော", "body": "ရှင်ပေါလုသည် သူ၏ ဩဝါဒစာများတွင် ထည့်သွင်းရေးသားလေ့ရှိသော နှုတ်ဆက်စကား ဖြစ်ပါသည်။ " } ]