[ { "title": "ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့အားသာဖုံးအုပ်လျက်ရှိ၏", "body": "ဤဝါကျသည် \"3:14\" ကို ပြန်လည် ရည်ညွန်းခြင်းဖြစ် သည်။ သူတို့သည် ဓမ္မဟောင်း၏ ပဋိညာဉ်တရားကို နားမလည်နိုင်ရန် ကွယ်ကာပေးသည့် ဝိညာဉ်ရေးရာ မျက်နှာဖုံးကို ပေါလုက ရှင်းပြထားသည်။ ထိုအတိုင်းပင် လူတို့သည် ဧဝံဂေလိတရားကို နားမလည်နိုင်ကြ။ (ရှု၊ figs_metaphor)" }, { "title": "ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊", "body": "ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ \"အကယ်၍ ငါတို့ဟော ပြောသော ဧဝံဂေလိတရားသည် ပဝါတခုက ဖုံးအုပ်ထားလျှင်၊ ထိုရာသည် ဧဝံဂေလိတရားကို ဖုံးအုပ်ထားပြီ\"။ (ရှု၊ figs_activepassive)" }, { "title": "ငါတို့ဟောပြောသော ဧဝံဂေလိတရား", "body": "\"ငါတို့ဟောပြောသော သတင်းကောင်း\"" }, { "title": " ဤလောကကို အစိုးရသော ဘုရားသည်သူတို့၏ ညာဏ်မျက်စိကို ကွယ်စေ၏။", "body": "ရှင်ပေါလုက သူတို့၏ စိတ်နှလုံးကို သူတို့ရဲ့ မျက်စိ အနေ ဖြင့်ပြောခြင်းဖြစ်သည်။ သူတို့နားလည်နိုင်စွမ်း မရှိသည် မှာ သူတို့၏ စိတ်နှလုံးက မမြင်နိုင်သောကြောင့် ဖြစ် သည်။ အခြားသောဘာသာပြန်ဆိုချက်၊ ဤလောကကို အုပ်စိုးသောနတ်သည် မယုံကြည်သောသူတို့အား နားမလည်ရန် ကာဆီးထားသည်။ (ရှု၊ figs_metaphor)" }, { "title": "ဤလောကကို အစိုးရသော ဘုရားသည်", "body": "ဤလောကကို အုပ်စိုးသောဘုရား ဆိုသည်မှာ စာတန်ကို ရည်ညွန်းသည်။ " }, { "title": "ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှါ၊", "body": "မောရှေသည် သူ၏မျက်နာမှ ဘုရားသခင် ဘုန်းတော်အလင်းအား ဣသရေလလူမျိုးတို့ မမြင်နိုင်ရန် ပဝါဖြင့် ဖုံးအုပ်ထားသကဲ့သို့ (3:12)၊ မယုံကြည်သောသူတို့သည် ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိတရား၏ အလင်းရောင်ကို မမြင်နိုင်ကြ။ ဆိုလိုသည်မှာ ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိတရား၏ အလင်းရောင်ကို သူတို့နားမလည်နိုင်ကြပါ။ (ရှု၊ figs_metaphor)" }, { "title": "ဧဝံဂေလိတရား၏ အရောင်သည် ", "body": "ဧဝံဂေလိတရားတော်မှ ထွက်လာသော အလင်း " }, { "title": "ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား", "body": "သတင်းကောင်း ဧဝံဂေလိတရား သည် ခရစ်တော်၏ ဘုန်းအာနုဘော်ပင် ဖြစ်သည်။ " } ]