my_2ch_tn_l3/24/23.txt

22 lines
14 KiB
Plaintext
Raw Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

[
{
"title": "အာရမ်၊ အာရမ်မီး၊ အာရမစ်",
"body": "အာရမ် ဆိုသည်မှာ ဓမ္မဟောင်းကျမ်းမှ လူနှစ်ယောက်၏နာမည်ဖြစ်သည်။ ခါနာန်ပြည် အရှေ့မြောက်ဖက် (ယခု ဆီးရီးယားပြည်)ရှိဒေသတစ်ခု၏အမည်လည်းဖြစ်သည်။ * အာရမ် တွင်နေထိုင်သူများကို အာရမ်မီး ဟုခေါ်ပြီး သူတို့သည် အာရမစ်ဘာသာစကားကိုပြောဆိုသည်။ ယေရှုနှင့် ထိုခေတ်ရှိ ယုဒလူတို့သည်လည်း အာရမစ်ဘာသာစကားပြောဆိုကြသည်။ * ရှေမ၏သားတစ်ယောက်ကို အာရမ်ဟုနာမည်ပေးထားသည်။ နောက်ထပ် အာရမ်အမည်ရှိသောသူမှာ ရေဗက္္က ၏ဝမ်းကွဲဖြစ်သည်။ အာရမ်ဟူသောဒေသကို ထိုသူနှစ်ယောက်အမည်အစွဲပြုပြီး နာမည်ပေးထားခြင်းဖြစ်နိုင်သည်။ * အာရမ် ဟူသောအမည်ကို ဟေလသဘာသာ ရှုရိ(ဆီးရီးယား)ဟုလည်းခေါ်ဆိုသည်။ * ပါဒမ်အာရမ် ဟူသောဝေါဟာရမှာ အာရမ်လွင်ပြင် ကိုခေါ်ဆိုခြင်းဖြစ်ပြီး အာရမ်မြောက်ပိုင်းတွင်တည်ရှိပါသည်။ * အာဗြံဟံ၏ ဆွေမျိုးတစ်ချို့သည် ပါဒမ်အာရမ် အရပ်တွင်တည်ရှိသော ဟာရမ်မြို့တွင်နေထိုင်ကြသည်။ * ဓမ္မဟောင်းကျမ်းတွင် အာရမ် နှင့် ပါဒမ်အာရမ် ဟူသောအမည်မှာတစ်ခါတစ်ရံတွင် တူညီသောဒေသတစ်ခုတည်းကို ရည်ညွှန်းပါသည်။ * အာရမ်နဟာရမ် ဟူသောစကားမှာ အာရမ်မြစ်နှစ်စင်းကို ဆိုလိုပါသည်။ ထိုဒေသမှာ မက်ဆိုပိုတေးမီးယား တောင်ပိုင်း၊ ပါဒမ်အာရမ်၏ အရှေ့ပိုင်းတွင်တည်ရှိသည်။\nရှု:\nMesopotamia, Aram Naharaim\nPaddan Aram\nRebekah\nShem\nSyria\nWORDS INDEX\nStatus:"
},
{
"title": "ယုဒ",
"body": "ယုဒ သည် ယာကုတ်၏သားကြီးများထဲကတစ်ယောက်ဖြစ်သည်။ သူ့မိခင်သည် လေအာဖြစ်သည်။ သူ့အမျိုးအနွယ်များကို ယုဒအမျိုအနွယ်များဟု ခေါ််သည်။ \n* ယုဒ သည် သူတို့ညီငယ်ယောသပ်အား တွင်းထဲတွင်သေမည့်အစား ရောင်းရန်မိမိညီအစ်ကိုများကို ပြောဆိုသောသူဖြစ်သည်။ \n* ရှင်ဘုရင်ဒါဝိဒ်နှင့် သူ့နောက်ပိုင်းဘုရင်များအားလုံးသည် ယုဒအမျိုးအနွယ်များဖြစ်သည်။ ယေရှု သည်လည်း ယုဒအနွယ်ဖြစ်သည်။\n* ရှောလမုန်၏အုပ်ချုပ်ခြင်းကုန်ဆုံး၍ ဣသရေလနိုင်ငံနှစ်ခြမ်းကွဲသည့်အခါတွင် ယုဒသည် တောင်ပိုင်းနိုင်ငံဖြစ်သည်။ \n* သမ္မာသစ်ကျမ်းစာ ဗျာဒိတ်ကျမ်းတွင် ယေရှု ကို 'ယုဒအမျိုး၏ င်္ခြသေ့' ဟုခေါ််သည်။ \n* အင်္ဂလိပ်စကားလုံးများ \"\"Jew\" နှင့်\"Judea\" တို့သည် ဤ ယုဒ (Judah) မှဆင်းသက်လာခြင်းဖြစ်သည်။ ရှု: Jacob, Israel Jew, Jewish, Jews Judah, kingdom of Judah Judea twelve tribes of Israel WORDS INDEX"
},
{
"title": "ယေရုရှလင် ",
"body": "ယေရုရှလင်သည် မူလရှေ့‌ဟောင်းခါနန်မြို့ဖြစ်ခဲ့ပြီးနောက် ဣသ ရေလပြည်၌ အလွန်အရေးကြီးဆုံးသောမြို့ တစ်မြို့ဖြစ်ခဲ့သည်။ ဤမြို့သည် ပင်လယ်သေအနောက်ပိုင်းနှင့် ဗက်လင်မြို့၏ မြောက်ပိုင်း၌ တည်ရှိသည် ယနေ့ထိ တိုင်အောင် ဤမြို့သည် ဣသရလ ပြည်၏ မြို့တော််ဖြစ်သည်။ * ယောရူမှတ်စာတွင် ယေရုရှလင်အမည်ကို ပထမဦးဆုံးဖေါ််ပြခဲ့ သည် ဓမ္မဟောင်းကျမ်းတွင် ဤမြို့အမည်ကို \"ရှာလင်, ယေဗု\"မြို့ နှင့်\"ဇီးအုန်\" ဟုခေါသည်။ ယေရုရှလင် နှင့် ရှလင် နစ်ခုစလုံးသည် ငြိမ်းချမ်းခြင်းဟု အဓိပ္ပါယ်ရှိသည်။ * ဘုရင်ဒါဝိဒ်သည် မူလယေဗုသိတော(ဇီးအုန်)သိမ်းပိုက်ပြီး ယေ ရုရျလင်ကို မြို့တော််ပြုလုပ်ခဲ့သည်။ * ယေရုရှလင်မြိ့သည် ဘုရင်ဒါဝိဒ်၏သားတော် ရှောလမုန် ပထမ ဗိမ္မာန်တော် တည်ဆောက်သောနေရာနှင့် အဗြံဟံသည် သူ၏ သားဣဇက်ကို ဘုရားသခင်အား ယစ်ပူဇော််သော မောရိတောင် နေရာဖြစ်သည်။ ဤဗိမ္မာန်တော်သည် ဗာဗုလုန်များ ဖျက်စီးခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ခဲ့သည်။ * ယေရုရှလင်မြို့၌ ဗိမ္မာန်တော််ရှိသောကြောင့် ယုဒဘာသာ၏ အရေးကြီးသော ပွဲတော်များကို ကျင်းပလေ့ရှိသည်။ * ယေရုရှလင်မြို့သည် တောင်ပေါ််တွင်တည်ရှိသောကြောင့်ပုံမှန် အားဖြင့် အပေါ််သို့တက်သည်ဟုရည်ရွယ်ပြောဆိုကြသည်။\nရှု:\nBabylon, Babylonian\nChrist, Messiah\nDavid\nJebusites, Jebus\nJesus, Jesus Christ, Christ Jesus\nSolomon\ntemple\nZion, Mount Zion\nWORDS INDEX\nStatus:\nIdle"
},
{
"title": "ဒမာသက်",
"body": "ဒမာသက် သည်ရှုရိနိုင်ငံ၏မြို့တော််ဖြစ်သည်။ သမ္မာကျမ်းစာအချိန်ကတည်းက ယခုချိန်တိုင် တည်နေရာအတူတူပင်ဖြစ်သည်။ \n* ဒမာသက် သည်ရှေးအကျဆုံး၊ ဆက်လက်လူများနေထိုင်သောမြို့တစ်ခုဖြစ်သည်။ \n* အာဗြဟံအချိန်တွင် ဒမာသက်မြို့သည် (ယခုဆီးရီးယားဖြစ်သော) အာရံံနိုင်ငံ၏မြို့တော််ဖြစ်သည်။ \n* သမ္မာဟောင်းတစ်လျှောက်လုံးတွင် ဒမာသက်မြို့နေထိုင်သူများနှင့် ဣသရေလလူများကြားဆက်နွယ်မှု ကိုးကားပြောဆိုမှုများစွာရှိသည်။ \n* သမ္မာကျမ်းစာပရောဖက်ပြုခြင်းများစွာသည် ဒမာသက်မြို့ပျက်စီးမည်အကြောင်းကြိုတင်ဟောကြသည်။ ဤဟောချက်များသည် သမ္မာဟောင်းကာလများ၌ အာရှုရိသည် ဒမာသက်ကိုဖျက်ဆီးသည့်အချိန်တွင် ပြည့်စုံခြင်းဖြစ်နိုင်သည်။ သို့မဟုတ် အနာဂတ်၌ သာ၍ပြင်းထန်သော ဖျက်ဆီးမှုလည်းဖြစ်နိုင်သည်။ \n* သမ္မာသစ်ကျမ်းတွင် (နောက်တွင်ရှင်ပေါလုဖြစ်လာသော) ဖာရိရှဲ ရှောလု သည်ယုံကြည်သူများကိုဖမ်းဆီးဖို့ ဒမာသက်မြို့သွား၍ ယေရှုသည်သူနှင့်တွေ့၍ ယုံကြည်သူတစ်ယောက်ဖြစ်လာစေခဲ့သည်။ \nရှု:\nAram, Aramean, Aramaic\nAssyria, Assyrian, Assyrian Empire\nbeliever\nSyria\nWORDS INDEX"
},
{
"title": "တရားစီရင်သည်၊ တရားစီရင်ခြင်း",
"body": "'တရားစီရင်သည်၊ တရားစီရင်ခြင်း' ဟူသည့်အသုံးအနှုန်းများသည် တစ်စုံတစ်ခု ကိုယ်ကျင့်တရားအရ မှန်သည်၊ မှားသည်ကို ဆုံးဖြတ်ခြင်းကို ရည်ညွှန်းသည်။ \n* ဘုရားသခင်၏တရားစီရင်ခြင်း သည်ဘုရားသခင်သည် တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို အပြစ်ရှိသည်ဟုပြစ်တင်ရှုတ်ချခြင်းကို ရည်ညွှန်းသည်။ \n* ဘုရားသခင်၏တရားစီရင်ခြင်း တွင်လူများကို သူတို့အပြစ်များအတွက်ပြစ်ဒဏ်ပေးခြင်းပါဝင်လေ့ရှိသည်။ \n* 'တရားစီရင်သည်' ဟူသည့်စကားသည် 'ဝေဖန်ရှုတ်ချ' ဟုလည်းဆိုလိုနိုင်သည်။ ဘုရားသခင်သည် သူ့လူများကို အချင်းချင်းဝေဖန်ရှုတ်ချခြင်းမပြုဖို့ ပြောထားသည်။ \n* နောက်တစ်ခုအဓိပ္ပါယ်မှာ အငြင်းပွားမှုတစ်ခုတွင် မည်သူမှားသည် မှန်သည်ကို 'ကြားဝင်ကူညီ သို့မဟုတ် ကြားဝင််စီရင်' ခြင်းဖြစ်သည်။ \n* အချို့အခြေအနေများတွင် ဘုရားသခင်၏တရားစီရင်ခြင်းများသည် ဘုရားသခင်မှန်ကန်သည်၊ တရားမျှတသည် ဟုဆုံးဖြတ်သည့်အရာများဖြစ်သည်။ ဘုရားသခင်၏ အမိန့်တော်များ၊ ပညတ်တော်များနှင့်ဆင်တူသည်။ \n* တရားစီရင်ခြင်း သည်ပညာရှိရှိဆုံးဖြတ်နိုင်စွမ်းကို ဆိုလိုနိုင်သည်။ တရားစီရင်တတ်ခြင်း မရှိသောသူသည် ပညာရှိသည့်ဆုံးဖြတ်မှုမျိုးကို မပြုလုပ်နိုင်။ \n\nဘာသာပြန်အကြံပြုချက်များ\n# နောက်ခံအကြောင်းအရာပေါ််မူတည်၍ 'တရားစီရင်သည်' ကိုဘာသာပြန်နိုင်သောအခြားနည်းလမ်းများမှာ 'ဆုံးဖြတ်သည်၊ ဝေဖန်ရှုတ်ချသည်၊ အပြစ်ပေးသည် သို့မဟုတ် အမိန့်ချသည်' တို့ဖြစ်သည်။ \n# 'တရားစီရင်ခြင်း' ကို 'ပြစ်ဒဏ်ပေးခြင်း၊ ဆုံးဖြတ်ခြင်း၊ အမိန့်ချမှတ်ခြင်း၊ မိန့်ကြားခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း' ဟုလည်းဘာသာပြန်နိင်သည်။ \n#အချို့အခြေအနေများတွင် 'တရားစီရင်မှုတွင်' ဟူသည့်စကားစုသည် 'တရားစီရင်သောနေ့တွင် သို့မဟုတ် ဘုရားသခင်သည်လူများကိုတရားစီရင်‌သောအချိန်ရောက်သောအခါ' ဟုလည်းဘာသာပြန်နိုင်သည်။ \nရှု:\ndecree\njudge\njudgment day\njust, justice, justly\nlaw, principle\nlaw, law of Moses, God's law, law of Yahweh\nWORDS INDEX"
}
]