my_2ch_tn_l3/02/15.txt

14 lines
6.1 KiB
Plaintext

[
{
"title": "လေဗနုန်",
"body": "လေဗနုန် သည် ဣသရေလနိုင်ငံမြောက်ဘက်၊ မြေထဲပင်လယ်ဆိပ်ကမ်းတစ်လျှောက်တွင်တည်ရှိသော လှပသောတောင်ထူထပ်သောဒေသဖြစ်သည်။ သမ္မာကျမ်းစာအချိန်များတွင် ဤနေရာသည် အာရဇ်သစ်သား၊ ထင်းရှူးသစ်သားစသည်တို့နှင့်ထူထပ်သည်။ \n* ရှင်ဘုရင်ရှောလမုန်သည် အလုပ်သမားများကို ဘုရားသခင်၏ဗိမာန်တော်ကိုတည်ဆောက်ဖို့ အာရဇ်သစ်သားများကို ခုတ်ရန် လေဗနုန်သို့စေလွှတ်ခဲ့သည်။ \n* ရှေးခေတ် လေဗနုန်တွင် အောင်မြင်သော ကုန်သွယ်ရေးစက်မှုလုပ်ငန်းတွင် အသုံးပြုသောကျွမ်းကျင် သင်္ဘောတည်ဆောက်သူများဖြစ်သည့် ဖိနိတ်လူများနေထိုင်ခဲ့ကြသည်။ \n* တုရုမြို့နှင့် ဇိဒုန်မြို့များသည် လေဗနုန်တွင်တည်ရှိခဲ့ကြသည်။ ဤမြို့များသည် အဖိုးတန်ခရမ်းရောင်ဆိုးဆေးကိုပထမဆုံးအသုံးပြုရာမြို့များလည်းဖြစ်သည်။ \nရှု: cedar\ncypress\nfir\nPhoenicia\nWORDS INDEX"
},
{
"title": "ယုပ္ပေ",
"body": "သမ္မာကျမ်းစာအချိန်များတွင် ယုပ္ပေမြို့သည် ရှာရုန်လွင်ပြင်တောင်ဘက်၊ မြေထဲပင်လယ်တွင်တည်ရှိသော အရေးပါသည့် စီပွားရေးဆိပ်ကမ်းဖြစ်သည်။ \n* ရှေးခေတ် ယုပ္ပေမြို့သည် Tel Aviv မြို့၏အစိတ်အပိုင်းဖြစ်သော မျက်မှောက်ကာလ Jaffa မြို့ဖြစ်သည်။ \n* သမ္မာဟောင်းကျမ်းစာတွင် ယုပ္ပေမြို့သည် တာရှုမြို့သို့သွားရန် ယောနလှေပေါ်တက်ခဲ့သည့်နေရာဖြစ်သည်။ \n* သမ္မာသစ်ကျမ်းတွင် Tabitha ဟုအမည်ရှိသော ယုံကြည်သူအမျိုးသမီးတစ်ယောက်သည် ယုပ္ပေမြို့တွင် သေဆုံး၍ ပေတရုသည် ပြန်လည်ရှင်ပြန်စေခဲ့သည်။ \nရှု:\nthe sea, the Great Sea, the western sea, Mediterranean Sea\nJerusalem\nSharon, Plain of Sharon\nTarshish\nWORDS INDEX"
},
{
"title": "ယေရုရှလင်",
"body": "ယေရုရှလင်မြို့သည် နောက်ပိုင်းဣသရေလနိုင်ငံ၏ အရေးပါသောမြို့တစ်မြို့ဖြစ်လာသော ရှေးခေတ်ခါနန်ပြည်ဖြစ်သည်။ ၎င်းသည် ဗက်သလင်မြို့မြောက်ပိုင်း၊ ဆားပင်လယ်အနောက်ပိုင်း ၃၄ ကီလိုမီတာခန့်တွင် တည်ရှိသည်။ မျာက်မှောက်ခေတ် ဣသရေလ (အစ္စရေးနိုင်ငံ) နိုင်ငံ၏မြို့တော်လည်းဖြစ်သည်။ \n* ယေရုရှလင် ဟူသောအမည်ကို ယေရှုမှတ်စာတွင် ပထမဆုံးဖော်ပြထားသည်။ ဓမ္မဟောင်းကျမ်းရှိ အခြားနာမည်များမှာ 'ဆလင်၊ ဟေဗုသိမြို့ နှင့် 'ဇိအုန်' တို့ဖြစ်သည်။ ယေရုရှလင် နှင့် ဆလင် နှစ်ခုစလုံးသည် 'ငြိမ်းချမ်းရေး' ဟူသည့်အဓိပ္ပါယ်ရင်းရှိသည်။ \n* ယေရုရှလင် သည် မူလတွင်ယေဗုသိခံတပ် ဇိအုန်မြို့ဖြစ်ပြီး၊ ရှင်ဘုရင် ဒါဝိဒ် သိမ်းပိုက်၍ သူ့မြို့တော်အဖြစ်သတ်မှတ်သောမြို့ဖြစ်သည်။ \n* ဒါဝဒ်၏သားတော် ရှောလမုန်သည် အာဗြဟံမှ မိမိသား ဣဇက်ကို ဘုရားသခင်အားပူဇော်ခဲ့ရာ မောရိတောင်၊ ယေရုရှလင်မြို့တွင်ပထမဆုံး ဗိမာန်တော်ကိုတည်ဆောက်ခဲ့သည်။ ဗာဗုလုန်လူမျိုးများမှ ဖျက်ဆီးပြီးနောက် ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ခဲ့သည်။ \n* ဗိမာန်တော်သည် ယေရုရှလင်၌ရှိသောကြောင့် ယုဒပွဲတော်များကို ထိုနေရာတွင် ကျင်းပကြသည်။ \n* ယေရုရှလင်သည် တောင်ပေါ်တွင်တည်ရှိသောကြောင့်လူများသည် 'တက်သည်' ဟု ခေါ်ဆိုလေ့ရှိသည်။ "
}
]