my_1ti_tn_l3/05/23.txt

30 lines
4.9 KiB
Plaintext

[
{
"title": "ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ ",
"body": "ရှင်ပေါလုက တိမောသေအား ရေတစ်မျိုးကိုသာ မသောက်ရန် သွယ်ဝိုက်ပြောဆိုခြင်းဖြစ်သည်။ သူသည် တိမောသေအား စပျစ်ရည်ကို ဆေးအဖြစ် အသုံးပြုရန် ပြောခြင်းဖြစ်သည်။ ထိုနေရာရှိရေသည် တစ်ခါတစ်ရံ ဖျားနာမှုကို ဖြစ်စေသည်။ (ရှု၊ figs_explicit)"
},
{
"title": "အချို့သော သူတို့၏ဒုစရိုက်သည် ရှေ့မဆွကထင်ရှား၍၊ ",
"body": "အခြားသောဘာသာပြန်ဆိုချက်မှာ \" လူအချို့၏ အပြစ်များသည် အလွန်ထင်ရှားသည်။ \" "
},
{
"title": "အပြစ်စီရင်ခြင်းသို့ အရင်အဦးသွားတတ်၏ ",
"body": "\"ထိုသူတို့၏အပြစ်များသည် စီရင်ခြင်းကို ခံရမည်။\" ရှင်ပေါလုက အပြစ်များကို ရွေ့လျားနေသည့်အရာကဲ့သို့ ဖော်ပြထားသည်။ ဖြစ်နိုင် ချေရှိသော အဓိပ္ပာယ်များမှာ (၁) သူတို့၏ အပြစ်များသည် အလွန်ထင်ရှားသောကြောင့် အခြားမည်သူမျှ သက်သေမခံမှီ လူတိုင်းသိရှိနိုင်သည်။ သို့မဟုတ် (၂) သူတို့၏အပြစ်များသည် ထင်ရှားသောကြောင့် ဘုရားသခင်သည် ယခုပင်သူတို့ကို စီရင်တော်မူမည်။ (ရှု၊ figs_personification)"
},
{
"title": "အချို့သောသူတို့၏ ဒုစရိုက်သည် နောက်သို့လိုက်တတ်၏။ ",
"body": "\"သို့သော် အချို့အပြစ်များသည် နောက်မှ စီရင်ခြင်းကို ခံရမည်။\" ရှင်ပေါလုက အပြစ်များကို ရွေ့လျားနေသကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ ဖြစ်နိုင်ချေရှိသော အဓိပ္ပာယ်များမှာ (၁) တိမောသေနှင့် အခြားယုံကြည်သူများသည် အချို့အပြစ်များကို အချိန်အတော်ကြာကြာအထိ မသိနိုင်ပေ၊ သို့မဟုတ် (၂) ဘုရားသခင်သည် သူတို့၏ အပြစ် များကို နောက်ဆုံးသော စီရင်ခြင်းကာလတွင် စီရင်တော်မူမည်။ (ရှု ၊figs_metaphor)"
},
{
"title": "သုစရိုက် ",
"body": "\"သုစရိုက်\" သည် \"ဒုစရိုက်\" နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ \"ကောင်းမှု\" ဟုအဓိပ္ပာယ်ရသည်။ ထိုကောင်းမှုသည် ဘုရားသခင်၏ ဂုဏ်တော်၊ အလိုတော်၊ အကြံစည်တော် များနှင့် ကိုက်ညီမှု ရှိသည်။"
},
{
"title": "အချို့သောသူတို့၏ ဒုစရိုက်သည် ထင်ရှားနှင့်တတ်၏။ ",
"body": "\" အချို့ကောင်းသော အမှုရာများသည် ထင်ရှား၏ \""
},
{
"title": "မထင်ရှားသေးသော သုစရိုက်ကို လည်း ဝှက်၍မထားနိုင်။ ",
"body": "ရှင်ပေါလုက ကောင်းမှုများကို ဝှက်ထားနိုင်သော အရာဝတ္ထုများကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ \"လူများအနေနှင့် မထင်ရှားသေးသော ကောင်းမှုများကိုလည်း နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိ လိမ့်မည်\" (ရှု၊ figs_metaphor)"
}
]