my_1th_tn_l3/02/17.txt

38 lines
5.4 KiB
Plaintext

[
{
"title": "ညီအစ်ကိုတို့ ",
"body": "ဤနေရာတွင် အမျိူးသားနှင့် အမျိုးသမီး အပါအဝင် ခရစ်ယာန်အားလုံးကို ဆိုလိုသည်။"
},
{
"title": "စိတ်နှလုံးအားဖြင့် မဟုတ်၊ ကိုယ်အားဖြင့်သာ",
"body": "ရှင်ပေါလုသည် သက်သာလောနိတ် မြို့၌ လူကိုယ်တိုင်မရှိသော်လည်း စိတ်နှလုံးအားဖြင့်သူတို့နှင့် ဆက်သွယ်လျက်ရှိသည် ဟု ဆိုလိုခြင်းဖြစ်သည်။"
},
{
"title": "သင်တို့မျက်နှာကို မြင်ခြင်းငှါ၊ ",
"body": "ဤနေရာတွင်\"သင်တို့၏မျက်နှာ\" သည် လူတစ်ကိုယ်လုံးဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"သင်တို့ကိုတွေ့မြင်လိုသည်\" သို့မဟုတ် \"သင်တို့နှင့်အတူရှိလိုသည်\" (ရှု ၊ figs_synecdoche)"
},
{
"title": "ထိုကြောင့်၊ ငါပေါလုသည် သင်တို့ရှိရာသို့ လာခြင်းငှါ၊ ",
"body": "\"ငါပေါလုသည် အကြိမ်များစွာ ကြိုးစားခဲ့သည်။\""
},
{
"title": "ငါတို့မြော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သောအကြောင်းအရာနည်း။ ",
"body": "ရှင်ပေါလုသည် ယုံကြည်သူများအား အားပေးရန် ဤမေးခွန်းကိုမေးခြင်းဖြစ်ပြီး နောက်အပိုဒ်တွင် ပြန်ဖြေထားသည်။ ဤထိရောက်သော မေးခွန်းကို အပြုသဘောဖြင့်ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"သင်တို့သည် အနာဂတ်ကာလအတွက် ငါတို့၏ မြှော်လင့်ခြင်း ၊ သခင်ယေရှုကြွလာသောအခါ ငါတို့၏ဝမ်းမြောက်ခြင်း နှင့် သရဖူဖြစ်ကြ၏။\" (ရှု၊ figs_rquestion)"
},
{
"title": "ဝမ်းမြောက်ခြင်းအကြောင်း ",
"body": "သက်သာလောနိတ်မြို့သား ယုံကြည်သူများသည် သူ၏ ဝမ်းမြောက်ခြင်းအကြောင်း ဖြစ်သည်။ (ရှု ၊ figs_metonymy)"
},
{
"title": "ဝါကြွားခြင်း၏ ဦးရစ်သရဖူကား၊ ",
"body": "ဤနေရာတွင် \"သရဖူ\" သည်အနိုင်ရရှိသော အားကစားသမားများကို ချီးမြှင့်သော လော်ရယ် ပန်းခွေကို ရည်ညွှန်းသည်။ ဝါကြွားခြင်း ဦးရစ်သရဖူ သည် အောင်မြင်မှုအတွက်ဆု သို့မဟုတ် ကောင်းစွာ ပြုခဲ့သောကြောင့် ချီးမြှင့်ခံရမှုကို ဆိုလိုသည်။ (ရှု၊figs_metonymy)\n"
},
{
"title": "ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည် မဟုတ်လော။",
"body": "\"မြှော်လင့်ခြင်း\" ဟုဆိုရာတွင် ရှင်ပေါလုက ဘုရားသခင်မှ သူ့အား ပေးမည့်ဆုအတွက် စိတ်ချယုံကြည်ခြင်းကို ဆိုလိုသည်။ သက်သာလောနိတ် မြို့သား ယုံကြည်သူများသည် သူ၏မြှော်လင့်ခြင်းအကြောင်း ဖြစ်သည်။ (ရှု၊ figs_metonymy)"
},
{
"title": "သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည် မဟုတ်လော။",
"body": "ဤထိရောက်သော မေးခွန်းကို ဖော်ပြချက်တစ်ခု အဖြစ်ဘာသာပြန်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ \"သင်တို့နှင့် အခြားယုံကြည်သူများ ဖြစ်သည်\" (ရှု၊ figs_rquestion)"
}
]