my_1sa_tn_l3/17/48.txt

10 lines
4.4 KiB
Plaintext

[
{
"title": "ဖိလိတ္တိလူမျိုးများ",
"body": "ဖိလိတ္တိလူမျိုးများသည် မြေထဲပင်လယ် ကမ်းရိုးတန်းတလျှောက်ရှိ ဖိလိတ္တိပြည်တွင် နေထိုင်ကြသောလူမျိုးများဖြစ်သည်။ သူတို့၏နာမည်အဓိပ္ပါယ် \"မင်လယ်ရဲ့လူမျိုးများ\" ဖြစ်သည်။ * ဖိလိတ္တိလူမျိုးများ၏ အဓိက မြို့ငါးမြို့မှာ- အာဒေါ့မြို့၊ အာရှကေလုန်မြို့၊ အာရန်မြို့၊ ဂဒ်မြို့နှင့် ဂါဇာမြို့တို့ဖြစ်သည်။ * အာဒေါ့မြို့သည် ဖိလိတ္တိပြည်၏မြောက်ပိုင်းတွင် ရှိပြီး၊ ဂါဇာမြို့သည် ဖိလိတ္တိပြည်၏တောင်ပိုင်းတွင် တည်ရှိသည်။ * ဖိလိတ္တိလူမျိုးများသည် ဣသရေလလူမျိုးများနှင့် နှစ်အတော်ကြာ စစ်ဖြစ်သော လူမျိုးများဖြစ်သည်။ * တရားသူကြီး ရှန်ဆုံသည် ဘုရားသခင်ထံမှ လာသောကြီးမားသည့်ခွန်အားကို အားကိုးအသုံးပြု၍ ဖိလိတ္တိလူမျိုးများကို တိုက်ခိုက်၍ထင်ရှားခဲ့သည်။ * ရှင်ဘုရင် ဒါဝိဒ်သည် ဖိလိတ္တိလူများကို တိုက်ခိုက်ရန် ဦး ဆောင်ခဲ့သည်။ သူငယ်ရွယ်စဥ်ကပင် ဖိလိတ္တိသူရဲကောင်း ဂေါလတ်ကို သတ်ဖြတ်ခဲ့သည်။\nရှု: Ashdod, Azotus\nAshkelon\nDavid\nEkron\nGath\nGaza\nGoliath\nSalt Sea, Dead Sea"
},
{
"title": "ဒါဝိဒ် ",
"body": "ဒါဝိဒ်သည် ဣသရေလနိုင်ငံ၏ဒုတိယဘုရင်ဖြစ်၍ ဘုရားသခင်ကိုချစ်၍အစေခံသောသူဖြစ်သည်။ သူသည် ဆာလံကျမ်းကိုအဓိကရေးသားသူဖြစ်သည်။ * ဒါဝိဒ်သည်ငယ်သေး၍မိသားစုအတွက် သိုးထိန်းနေစဉ်တွင်ပင် ဘုရားသခင်သည်သူ့ကိုနောက်ဘုရင်ဖြစ်ဖို့ရွေးကောက်ခဲ့သည်။ * ဒါဝိဒ်သည်ရန်သူများကိုတိုက်ရာစစ်ပွဲများတွင်ဣသရေလလူများကိုဦးဆောင်လျက် တိုက်ခိုက်ရေးကျွမ်းကျင်သူတစ်ယောက်ဖြစ်လာခဲ့သည်။ ဖိလိတ္တိလူများ၏ ဂေါလျက် ကိုအနိုင်ယူခြင်းသည် အလွန်ကျော််ကြားသည်။ * ဘုရင်ရှောလုသည်ဒါဝိဒ်ကိုသတ်ရန်ကြိုးစားသည်၊ သို့သော််လည်း ဘုရားသခင်သည် ဒါဝိဒ်ကိုကာကွယ်ပြီး ရှောလုသေသည်နောက် သူ့ကိုဘုရင်ဖြစ်စေသည်။ * ဒါဝိဒ်သည်အလွန်ဆိုးရွားသောအပြစ်ကိုကျူးလွန်ခဲ့ပြီး ဘုရားသခင်ထံနောင်တရ၍ ဘုရားသခင်ခွင့်လွှတ်တော်မူခဲ့သည်။ * မေရှိယဖြစ်သော ယေရှုသည် ဘုရင်ဒါဝိဒ်၏အမျိုးအနွယ်ဖြစ်သောကြောင့် ဒါဝိဒ်၏သားတော်ဟု ခေါ််ဝေါ််ခြင်းခံရသည်။ ရှု: Goliath Philistines Saul (OT)"
}
]