my_1pe_tn_l3/01/01.txt

30 lines
5.0 KiB
Plaintext

[
{
"title": "ယေဘုယျ အချက်အလက်",
"body": " ရှင်ပေတရုသည် မိမိကိုယ်ကိုကျမ်းပြုဆရာအဖြစ်၊သူနှုတ်ခွန်းဆက်သသော ယုံကြည်သူတို့ထံ မိတ်ဆက်၍ အဖွင့်စကား ပြောကြားခြင်းဖြစ်သည်။"
},
{
"title": "အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့၊",
"body": " ရှင်ပေတရုက သူ၏စာဖတ်သူများသည် မိမိတို့၏တိုင်းပြည်နှင့်ကွာဝေးသော၊အခြားသော တိုင်းပြည်အရပ်ရပ်တို့၌ ရှိသောသူများအဖြစ်ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)"
},
{
"title": "ကပ္ပဒေါကိ . . . ဗိသုနိ၊",
"body": "\"ကပ္ပဒေါကိ\" နှင့် \"ဗိသုနိ\" မှစ၍ ရှင်ပေတရု ဖော်ပြထားသော အရပ်ဒေသများမှာ ရှေးခေတ် ရောမ ဧကရာဇ်နိုင်ငံ၏ ပြည်နယ်များဖြစ်ပြီး မျက်မှောက်ခေတ် တူရကီနိုင်ငံတွင် တည်ရှိသည်။"
},
{
"title": "ခမည်းတော် ဘုရားသခင်၏ အနာဂတံသ ဥာဏ်တော်အတိုင်း ရွေးကောက်တော်မူသောသူ တည်းဟူသော၊",
"body": "\"ခမည်းတော်ဘုရား၏ အနာဂတံသ ဉာဏ်တော်အတိုင်း ရွေးကောက်ခြင်း ခံရသော\"။ ခမည်းတော် ဘုရားသခင်၏ အနာဂ တံသ ဥာဏ်တော်အတိုင်း သူတို့ကို ရွေးချယ်တော်မူသည်။"
},
{
"title": "ခမည်းတော် ဘုရားသခင်၏ အနာဂတံသ ဉာဏ်တော်",
"body": " ဖြစ်နိုင်ခြေများမှာ၊ ၁) ရှေ့တွင် ဖြစ်မည့်အရာကို ကြိုတင် စီစဉ်ထားသည်။ အခြားသော ဘာသာပြန်ဆိုချက်မှာ \"ခမည်းတော်ဘုရား၏ ကြိုတင်စီမံမှု\" (UDB)။ သို့မဟုတ် ၂) ရှေ့တွင် ဖြစ်မည့်အရာကို ကြိုတင် သိမြင်သည်။ အခြားသော ဘာသာပြန်ဆိုချက်မှာ \"ခမည်းတော်ဘုရား၏ အနာဂတံသ ဉာဏ်တော်\" (ရှု၊ figs_abstractnouns)"
},
{
"title": "ယေရှုခရစ်၏ အသွေးတော်နှင့် ဖြန်းခြင်းကျေးဇူးကို ခံရမည်အကြောင်း၊",
"body": "ဤတွင် \"အသွေးတော်\" ဟူသည် ယေရှု၏ သေခြင်းကို ကိုရည်ညွန်းထားသည်။ ဘုရားသခင်နှင့် ဣသရေလအမျိုးတို့ကြား ပဋိညာဉ်ကို သက်သေပြုရန် မောရှေက ယဇ်ကောင်၏အသွေးကို ဖြန်းသကဲ့သို့၊ ယေရှု၏သေခြင်းက မျက်မှောက်ခေတ် ယုံကြည်သူတို့အတွက် ဘုရားသခင်၏ ပဋိညာဉ်ကို သက်သေပြုသည်။ (ရှု၊ figs_metonymy and figs_metaphor)"
},
{
"title": "ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ များပြားပါစေသော",
"body": "ဤစာပိုဒ်တွင်ကျေးဇူးတော်ကို ယုံကြည်သူတို့ပိုင်ဆိုင်သောအရာအဖြစ်လည်းကောင်း၊ငြိမ်သက်ခြင်းကို တိုးပွါးစေနိုင် သောအရာအဖြစ်လည်းကောင်း ညွှန်းဆိုထားသည်။ ယုံကြည်သူများထံ ပြသော ဘုရားသခင်၏ ဂရုဏာကို ကျေးဇူးတော်ဟူ၍၎င်း၊ ဘုရားသခင်၌ အေးချမ်းပျော်ရွှင်မှုကို ငြိမ်သက်ခြင်းဟူ၍၎င်း ခေါ်နိုင်ပါသည်။ (ရှု၊ figs_abstractnouns)"
}
]