my_1pe_tn_l3/03/10.txt

34 lines
5.9 KiB
Plaintext

[
{
"title": "ယေဘုယျ အချက်အလက်",
"body": "ရှင်ပေတရုသည် ဤကျမ်းပိုဒ်များကို ဆာလံကျမ်းမှ ကောက်နုတ်ထားသည်။ (ရှု၊ figs_explicit)"
},
{
"title": "အသက်ကို မွေ့လျော်စေ၍၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှါ၊",
"body": "ဤစကားစုနှစ်ခုတို့သည် အဓိပ္ပယ်အတူတူဖြစ်ပြီး ကောင်းသော အသက်တာအား တောင့်ခြင်းအမှုကို အထူးပြုထားပါသည်။ (ရှု၊ figs_parallelism)"
},
{
"title": "ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှါ၊",
"body": "ဤတွင် ကောင်းသောအရာများအားတွေ့ကြုံခြင်းကို ကောင်းသောအရာများကို မြင်တွေ့ရခြင်းကဲ့သို့ပြောဆိုထားပါသည်။ \"နေရက်\" ဟူသောစကားလုံးမှာ ဘဝတခုစာကိုလည်း ရည်ညွှန်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ \"အသက်တာ၌ ကောင်းသောအရာတို့ကို တွေ့မြင်ခြင်းငှါ\" ဟူ၍ဖြစ်သည်။ (ရှု၊ figs_metaphor and figs_metonymy)"
},
{
"title": "မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်း မုသားစကားကို မပြောစေနှင့်။",
"body": "\"လျှာ\" နှင့် \"နှုတ်ခမ်း\" ဟူသည်မှာ စကားပြောဆိုသောသူကို ရည်ညွှန်းထားပါသည်။ နှစ်ခုလုံး ဆိုလိုရင်းတခုတည်း ဖြစ်ပြီး လိမ်ညာခြင်းမပြုရန် ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ \"ဒုစရိုက်နှင့် မုသားပြောခြင်းမှ ကင်းလွတ်စေ\" ဟူ၍ဖြစ်သည်။ (ရှု၊ figs_parallelism and figs_synecdoche)"
},
{
"title": "မကောင်းသောအမူမှလည်း သူ့ကို ပြန်လှည့်စေသည်။ ",
"body": "အခြားသောဘာသာပြန်ဆိုချက်မှာ \"မကောင်းသောအမူပြုလုပ်ခြင်းကို ရပ်တန့်စေပါ\" ရှု၊ figs_synecdoche and figs_metaphor)"
},
{
"title": "ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏ ။",
"body": "ဤတွင် \"မျက်စိ\" ဟူသည်မှာအရာရာကိုသိကျွမ်းနိုင်သော ဘုရားသခင်၏ အစွမ်းကို ရည်ညွန်းထားပါသည်။ ဘုရားသခင်က ဖြောင့်မတ်သောသူဟုအသိအမှတ်ပြုသောအရာမှာ ထိုအရာများကိုမြင်တွေ့ခြင်းကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ - \"ကိုယ်တော်သည် ဖြောင့်မတ်သောသူကို မြင်သည်\" သို့မဟုတ် ကိုယ်တော်သည် ဖြောင့်မတ်သောသူများကို ထောက်ခံပေးသည်\" ဟူ၍ဖြစ်သည်။ ( ရှု - figs_synecdoche and figs_metaphor)"
},
{
"title": "သူတို့ ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။",
"body": "\"နား\"ဟူသည်မှာ လူများက ပြောဆိုသောအရာများကို ဘုရားသခင်သည် သိကျွမ်းကြောင်းကို ရည်ညွန်းထားပါသည်။ အခြားသောပြန်ဆိုချက်မှာ \"သူတို့ ဆုတောင်းသံကိုလည်း နားညောင်းတော်မူ၏\" သို့မဟုတ် \"သူတို့ ဆုတောင်းသည်အတိုင်းလည်း ပေးတော်မူ၏\" ဟုဆိုလိုသည်။ (ရှု၊ figs_synecdoche and figs_explicit)"
},
{
"title": ". . . ကိုကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏",
"body": "\"မျက်နှာ\" ဟူသည်မှာ ရန်သူများအား ဆန့်ကျင်သော ဘုရားသခင်၏ အလိုတော်ကို ရည်ညွန်းထားပါသည်။ တစ်စုံတစ်ယောက်အား ဆန့်ကျင်ခြင်းကို တစ်စုံတစ်ယောက်အား မျက်နှာလွှဲခြင်းကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ \"သခင်ဘုရား ဆန့်ကျင်တော်မူ၏\" ဟူ၍ဖြစ်သည်။ (ရှု၊ figs_synecdoche and figs_metaphor)"
}
]