my_1pe_tn_l3/02/18.txt

34 lines
3.8 KiB
Plaintext

[
{
"title": "ယေဘုယျ အချက်အလက်",
"body": "ရှင်ပေတရုက လူတို့၏ အိမ်၌ အစေခံသောသူများအား အစပြုသွန်သင်ထားပါသည်။"
},
{
"title": "သခင်သည် စိတ်ကောင်း၍ ဖြည်းညှင်းသောသဘော ရှိသည်ဖြစ်စေ၊",
"body": "\"ကောင်းသော\" ဟူသော အရာ နှင့် \"ဖြည်းညှင်းသော\" ဟူသည် မှာ ဆိုလိုရင်း တခုတည်းဖြစ်ပြီး၊ ငယ်သားတို့အပေါ် ကြင်နာမှုကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ\"သနားကြင်နာသောသခင်\"ဟူ၍ဖြစ်သည်။ (ရှု၊ figs_doublet)"
},
{
"title": "ကြမ်းတမ်းသောသဘော ရှိသည်ဖြစ်စေ၊",
"body": "\"အကြင်နာမဲ့သောသခင် \" သို့မဟုတ် \"ယုတ်ညံ့သောသခင်\" ။"
},
{
"title": "ကျေးဇူးရှိ၏ ၊",
"body": "\"ချီးမွမ်းထိုက်ပေ၏\" သို့မဟုတ် \"ဘုရားသခင်ကို ကျေနပ်စေတော်မူ၏\""
},
{
"title": "ဘုရားသခင်၏ မျက်နှာတော်ကို ထောက်၍ . . . နာကျင်စွာ ခံရလျှင်၊",
"body": "မူရင်းကျမ်း၌ ဆိုလိုသော ဖြစ်နိုင်ခြေများမှာ၊ ၁) \"ဘုရားသခင်ကို နာခံသောကြောင့်ထိုသူသည် ဒုက္ခကို တောင့်ခံနိုင်သည်။ (UDB) \" သို့မဟုတ် ၂) \"သူသည်ဆင်းရဲဒုက္ခခံသည်ကို ဘုရားသခင် သိမြင်ကြောင်းနားလည်သောကြောင့် မတရားသောပြစ်ဒဏ်ကို ခံနိုင်စွမ်းရှိသည်\" ဟူ၍ဖြစ်သည်။"
},
{
"title": "ကိုယ်အပြစ်ကြောင့် . . . လျှင်၊ အဘယ်ချီးမွမ်းစရာရှိသနည်း၊",
"body": "ရှင်ပေတရုက မိမိပြုသော အမှားအတွက် ဒဏ်ခတ်ခံရခြင်းမှာ ချီးမွမ်းစရာ မရှိကြောင်း ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ\"အ‌ကြောင်းမူကား အပြစ်ဒဏ်ခံရာတွင် ချီးမွမ်းဖွယ်ရာမရှိပါ\".ဟူ၍ဖြစ်သည်။ (ရှု၊ figs_rquestion)"
},
{
"title": "ဒဏ်ခံရသောအခါ၊",
"body": "အခြားသောဘာသာပြန်ဆိုချက်မှာ \"တစ်စုံတစ်ယောက်သည်သင်တို့ကို အပြစ်စီရင်ရာ၌\" ဟူ၍ဖြစ်သည်။ (ရှု၊ figs_activepassive)"
},
{
"title": "ဆင်းရဲခံရသောအခါ သည်းခံလျှင်၊",
"body": "အခြားသောဘာသာပြန်ဆိုချက်မှာ \"တစ်စုံတစ်ယောက်ကြောင့် သင်တို့သည် ညှင်းဆဲခံရသည်\" ဟူ၍ဖြစ်သည်။ (ရှု၊ figs_activepassive)"
}
]