my_1pe_tn_l3/02/01.txt

34 lines
5.8 KiB
Plaintext

[
{
"title": "ဆက်စပ်မှု ဖော်ပြချက်",
"body": "ရှင်ပေတရုမှ သူ၏စာဖတ်သူများအား သန့်ရှင်းခြင်းနှင့် နာခံခြင်းအကြောင်း ဆက်လက် သွန်သင်ထားသည်။"
},
{
"title": "ထိုကြောင့် . . . အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်း ရှိသမျှကို ပယ်ရှား၍၊",
"body": "အပြစ်ရှိသော အပြုအမူများကို လူတို့မှ လွှင့်ပစ်ကြသော အရာများကဲ့သို့ပြောဆိုထားခြင်းဖြစ်သည်။ \"ထို့ကြောင့်\" ဟူသောစကားလုံးသည်ရှင်ပေတရုမှ ယခင်အခန်း၌ ဖော်ပြခဲ့သော သန့်ရှင်းခြင်းနှင့် နာခံခြင်းအကြောင်းကို ပြန်၍ရည်ညွှန်းထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ- \"ထို့ကြောင့် ... ရှိသမျှကို ရှောင်ရှား၍\" သို့မဟုတ် \"ထို့ကြောင့် ... အမှု ရှိသမျှကို ရပ်တန့်၍\" ဟူ၍ဖြစ်သည်။ (ရှု၊ figs_metaphor)"
},
{
"title": "ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သောစိတ် ရှိကြလော့။",
"body": "ရှင်ပေတရုမှ စာရှုသူများကို မွေးကင်းစ ကလေးနှင့် နှိုင်းယှဉ်ထားသည်။ မွေးကင်းစ ကလေးငယ်မှာ အစာခြေလွယ်သော နို့ရည်အစစ်ကိုသာ စားသုံးနိုင်သည်။ ထို့အတူ၊ ယုံကြည်သူများကလည်း စစ်မှန်သော နှုတ်ကပတ်တရားကို လိုအပ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ- \"မွေးကင်းစသူငယ်များသည် မိခင်၏နို့ကိုတောင့်တသကဲ့သို့၊ သင်တို့သည်လည်း ထိုတရားနို့ကို တောင့်တခြင်း ရှိကြလော့\" ဟုဆိုလိုပါသည်။ (ရှု၊figs_metaphor)"
},
{
"title": "အလွန် လိုချင်သောစိတ် ရှိကြလော့။",
"body": "\"အလွန်ဆာငတ်ခြင်း ရှိကြလော့\" သို့မဟုတ် \"တောင့်တခြင်း ရှိကြလော့\" ။"
},
{
"title": "နှုတ်ကပတ်တရား၏ နို့စစ်၊",
"body": "ရှင်ပေတရုမှ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အနှစ်သာရကို ကလေးငယ်များအား အားအင်ပေးသော နို့ရည်ကဲ့သို့ တင်စားထားခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)"
},
{
"title": "ကယ်တင်ခြင်းအလိုငှါ . . . ကြီးပွားမည်အကြောင်း၊",
"body": "\"ကယ်တင်ခြင်း\" ဟူရာတွင် သခင်ယေရှု ပြန်လည် ဆင်းကြွချိန်မှသာ ပြီးပြည့်စုံမည့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ညွှန်းဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ- \"သင်တို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းပြည့်စုံသည်တိုင်အောင် ဝိညာဉ်ပိုင်းကြီးပွါး၍ မည့်အကြောင်း\" ဟုဆိုလိုခြင်းဖြစ်သည်။ (ရှု၊ figs_abstractnouns and figs_explicit)"
},
{
"title": "ကြီးပွားမည်၊",
"body": "ရှင်ပေတရုမှ ယုံကြည်သူများသည် ကလေးငယ်များ ကြီးထွားသကဲ့သို့ ဘုရားသခင်ကို သိမြင်၍ သစ္စာတရား ခိုင်ခံ့လာခြင်းကို ဆိုလိုသည်။ (ရှု၊ figs_metaphor)"
},
{
"title": "သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍၊",
"body": "ဤနေရာတွင် \"မြည်းစမ်းကြသည်\" ဆိုသည်မှာ ကိုယ်တိုင်တွေ့ကြုံရခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ- \"သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို ခံကြရသည်ဖြစ်၍\"ဟုဆိုလိုခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)"
}
]