my_1pe_tn_l3/01/22.txt

38 lines
5.0 KiB
Plaintext

[
{
"title": "ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ၊",
"body": "ဤနေရာတွင် ရှင်ပေတရုက ယုံကြည်သူများသည် မိမိတို့ကိုယ်ကို စင်ကြယ်စေကြောင်း ဆိုထားသည်။ သို့ရာတွင်၊ ထိုသို့ စင်ကြယ်ရန် သူတို့သည် ခရစ်တော်၏ ကယ်တင်ခြင်းတရားကို လက်ခံခဲ့ကြခြင်းသာ ဖြစ်သည်။ (ရှု၊ figs_metaphor)"
},
{
"title": "ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ၊",
"body": "\"စိတ်နှလုံး\" မှာ လူတယောက်လုံးကို ညွှန်းထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ \"ကိုယ်ကို စင်ကြယ်စေပြီးသည်နှင့်အညီ\" ဟုဆို လိုခြင်းဖြစ်သည်။ (ရှု၊ figs_synecdoche)"
},
{
"title": "စင်ကြယ်စေခြင်း၊",
"body": "ဘုရားသခင် လက်ခံထိုက်သော အဖြစ်ကို ညွှန်းသည်။ (ရှု၊ figs_metaphor)"
},
{
"title": "စိတ်ထဲမှ သမ္မာတရားကို နားထောင်လျက်၊",
"body": "အခြားသောဘာသာပြန်ဆိုချက်မှာ \"သမ္မာတရားကို လိုက်နာ၍\"။ (ရှု၊ figs_abstractnouns)"
},
{
"title": "ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊",
"body": "ယုံကြည်သူ အချင်းချင်း မေတ္တာဂရုဏာ ပြခြင်းကို ညွှန်းသည်။"
},
{
"title": "စင်ကြယ်သောစိတ်နှင့် အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာ ရှိကြလော့။",
"body": "ဤတွင်\"စိတ်\"ဟူသည်မှာ လူတစ်ယောက်၏ အတွေးအခေါ်နှင့် စိတ်ခံစားချက်ကို အစားထိုးထားသည်။ တစ်စုံတစ်ယောက်အားချစ်ခြင်း ဟူသည်မှာလည်း အတွင်းနှလုံးသား၊ စိတ်ရင်းဖြင့်ချစ်ခြင်းကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ \"စိတ်ရင်းဖြင့် အချင်းချင်း ချစ်ခင်ကြလော့\" ဟူ၍ဖြစ်သည်။ (ရှု၊ figs_idiom)"
},
{
"title": "ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဘွားသည်မဟုတ်၊ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့၊",
"body": "ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ-ရှင်ပေတရုသည် နှုတ်ကပတ်တော်ကို ၁) ယုံကြည်သူ အသက်တာ၌ စိုက်ပျိုး၍ ကြီးထွားသော မျိုးစေ့ကဲ့သို့ လည်းကောင်း ၂) ပေါင်းစည်းခြင်းဖြင့် လူကလေးကို ဖြစ်ထွန်းစေသော လူ၏ မျိုးစေ့ခေါ် ဆဲလ်များကဲ့သို့ ဆိုလိုထားပါသည်။ (ရှု၊ figs_metaphor)"
},
{
"title": "မဖောက်ပြန်မပျက်စီးတတ်သော၊",
"body": "\"မပျက်စီးနိုင်သော\" သို့မဟုတ် \"တည်မြဲသော\" မျိုးစေ့။ "
},
{
"title": "အသက်ရှင်၍ အစဉ်အမြဲ တည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့်၊",
"body": "ရှင်‌ပေတရုက နှုတ်ကပတ်တော်ကို အစဥ်ထာ၀ရ အသက်ရှင်သောအရာကဲ့သို့ ဆိုထားသည်။ သို့ရာတွင်၊ အသက်ရှင်၍ တည်မြဲသည်မှာ နှုတ်ကပတ်တော်ကို မိန့်ဆိုသော ဘုရားသခင်ဖြစ်သည်။ (ရှု၊ figs_metonymy)"
}
]