my_1co_tn_l3/08/04.txt

26 lines
3.4 KiB
Plaintext

[
{
"title": "ယေဘုယျအချက်အလက်",
"body": "ဤနေရာ၌ \"ငါတို့\" နှင့် \"ကျွန်ုပ်တို့\" သည် ယုံကြည်သူ အားလုံးကို ရည်ညွှန်းပါသည်။ (ရှု၊ figs_inclusive)"
},
{
"title": "ရုပ်တုသည် ဤလောက၌ အချည်းနှီး သက်သက်ဖြစ်သည်ကို၎င်း၊ တဆူတည်းသော ဘုရားသခင်မှတပါး အဘယ်ဘုရားသခင်မျှမရှိသည်ကို၎င်း၊ ငါတို့သိကြ၏။",
"body": "ကောရိန္တုလူ တစ်ချို့သုံးထားသော စာပိုဒ်ကို ပေါလုက ကိုးကားဖော်ပြခြင်းဖြစ်နိုင်သည်။ \"သင်ကိုယ်တိုင် ပြော ထားသကဲ့သို့ ငါတို့အားလုံး သိပြီးသည့်အတိုင်း၊ ရုပ်တု၌ တန်ခိုးမရှိ သို့မဟုတ် ငါတို့အတွက် အဓိပ္ပါယ်ရှိသည် ဟူ၍ ပြောထားသကဲ့သို့ ဘုရားတစ်ဆူ မှတစ်ပါး တစ်ခြားမရှိ။\""
},
{
"title": "ရုပ်တုသည် ဤလောက၌ အချည်းနှီး သက်သက်ဖြစ်သည်။",
"body": "\"ရုပ်တုသည် ဤလောက၌ တန်ခိုးအာဏာ မရှိပါ။\""
},
{
"title": "ဘုရားဟူ၍ ခေါ်ဝေါ် သမုတ်သော သူအများ",
"body": "ဘုရားများဟူ၍ ခေါ်သောသူများ၊ \"ဘုရားများဟု လူတွေ ခေါ်သောအရာများ\""
},
{
"title": "ဘုရားများ၊ အရှင်များ",
"body": "ပေါလုသည် ဘုရားများနှင့် အရှင်များရှိသည်ကို မယုံကြည်ပါ။ သို့သော် ရုပ်တုကိုးကွယ်သူများက ယုံကြည် သည်ကို အသိအမှတ်ပြုထားပါသည်။"
},
{
"title": "အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသော အရာဖြစ်၍၊ အကြင်ဘုရားသခင်အဘို့အလိုငှါ ငါတို့သည် ဖြစ်ကြ၏။ ထိုခမည်းတော်ဘုရားသခင်တပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။",
"body": "\"တစ်ခြားလူတွေက ဘာတွေပဲပြောပြော၊ ဘာတွေပဲတွေး တွေး၊ ငါတို့ ယုံကြည်သည်မှာ.. အကြင် ဘုရားသခင်အထဲက ခပ်သိမ်းသော အရာဖြစ်၍၊ အကြင် ဘုရားသခင်အဘို့အလိုငှါ ငါတို့သည် ဖြစ်ကြ၏။ ထိုခမည်းတော်ဘုရားသခင် တပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။\""
}
]