2.3 KiB
2.3 KiB
သင်းထောက်လူကြီး၊
အသုံးအနှုန်းများ၏အဓိပ္ပါယ်
သင်းထောက်လူကြီးများသည် ဒေသန္တရအသင်းတော်များကို ဦးဆောင်ပြီး အစားအသောက်နှင့် ငွေကြေးကအစ အသင်းသားများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးသောပုဂ္ဂိုလ်များဖြစ်သည်။
- "သင်းထောက်လူကြီး" ဆိုသည့် စကားလုံးသည် ဂရိ စကားလုံး"အစေခံ" သို့မဟုတ်"အမှုတော်ဆောင်" မှဆင်းသက်လာခြင်း ဖြစ်ပါသည်။
- ကနဦးအသင်းတော်များခေတ်တွင် အသင်းထောက်လူကြီးများသည် အသင်းတော်၏အရေးကြီးသော အခန်းကဏ္တ တွင်ပါဝင်လျက်ရှိသည်။
- ဥပမာပြရမည်ဆိုလျင်၊ ဓမ္မသစ်ကျမ်းခေတ် အသင်းထောက်လူကြီးများသည် ငွေသားနှင့် အစားအ သောက်များ ကို ယုံကြည်သူများနှင့် မုဆိုးမများအပေါ်ခွဲဝေရာတွင်အဓိက တာဝန်ယူသူများ ဖြစ် သည်။
- "အသင်းထောက်လူကြီး" ဆိုသည့်စကားလုံးကို "အသင်းအမှုတော်ဆောင်၊" သို့မဟုတ် "အသင်းတော်၏အလုပ်သမား၊" သို့မဟုတ် "အသင်းတော်၏အစီခံ၊" ဟု ဘာသာပြန်လို့ရသလို အသင်းတော်၏ လုပ်ငန်းဆောင်တာ အဝဝ အတွက် အထူးခန့်အပ် တာဝန်ပေးထားခြင်း ခံရသူ ဟူ၍ သိရှိနိင် ပါသည်။