# ဘုရားသခင်၏ သားတော်် ## အသုံးအနှုန်းများ၏အဓိပ္ပါယ် "ဘုရားသခင်၏ သားတော်" ဟူသော စကားလုံးတွင် အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုနိုင်သည်။ * ဓမ္မသစ်ကျမ်းတွင် "ဘုရားသခင်၏ သားတော်" ဟုသုံးနှုံးရာတွင် ယေရှုခရစ်တော်ကို ယုံကြည်သူများကို ဆိုလိုခြင်းဖြစ်ပြီး၊ "ဘုရားသခင်၏ သားသမီးများ" ဟူ၍ အသုံးများပါသည်။ ယောကျ်ားနှင့် မိန်းမ နှစ်မျိုးလုံး ပါဝင်ထားပါသည်။ * ဤစကားလုံးကို ဘုရားနှင့် အဆက်အသွယ်ရှိခြင်းကို ဆိုလိုခြင်းဖြစ်ပြီး၊ လူသားဖြစ်သော သားနှင့် အဖကြား ထူးကဲစွာ ဆက်နွယ်မှုကို ဆိုလိုရင်းဖြစ်ပါသည်။ * ကမ္မာဦးကျမ်း ၆ တွင် "ဘုရားသခင်၏ သား" ဟု သုံးနှုံးရာတွင် ကျရှုံးသွားသော ကောင်းကင်တမန်များဖြစ်ပြီး ဝိညာဉ်ဆိုး သို့မဟုတ် နတ်ဆိုးများကို ဆိုလိုသည်။ အချို့သော ဘာသာပြန်ဆိုမှုများတွင် တန်ခိုးအာဏာကြီးသော ဘုရင်မင်းများ သို့မဟုတ် ရှေသအမျိုးအနွယ် ဖြစ်နိုင်ချေရှိသည်ဟု ဆိုကြသည်။ * "ဘုရားသခင်၏ သားတော်" ဟူသော ဘွဲ့နာမသည် ထူးခြားမှုရှိပြီး ဘုရားသခင်၏ တစ်ဉီးတည်းသော သားတော်် ယေရှုကို ညွှန်းဆိုထားခြင်းဖြြစ်သည်။ ## ဘာသာပြန် အကြံပြုချက် * "ဘုရားသခင်၏ သားတော်" သည် ယုံကြည်သူများကိုဆိုလိုရာတွင် "ဘုရားသခင်၏ သားသမီးများ" ဟု ဘာသာပြန်ဆိုနိုင်ပါသည်။ * "ဘုရားသခင်၏ သားတော်" ကို "ကောင်းကင်တမန်များ" သို့မဟုတ် "ဝိညာဉ်တစ်ပါးပါး" သို့မဟုတ် "နတ်များ" စသည်ဖြင့် အခြေအနေကိုလိုက်၍ ပြန်ဆိုနိုင်ပါသည်။ * "သား" ဟူသည့် ခေါင်းစဉ်အောက်တွင် လေ့လာနိုင်ပါသည်။