# တလ္လားတော်အဖုံး ## အသုံးအနှုန်းများ၏အဓိပ္ပါယ် တလ္လားတော်အဖုံးဆိုသည်မှာ ပဋိညာဉ်သေတ္တာကို ဖုံးအုပ်ထားသောရွှေပြားဖြစ်သည်။ အင်္ဂလိပ်ဘာသာပြန်များတွင် တလ္လားတော်အဖုံးအကာ ဟုဘာသာပြန်ဆိုထားသည်။ * တလ္လားတော်အဖုံးမှာ အလျား (၁၁၅) စင်တီမီတာ၊ အနံ (၇၀) စင်တီမီတာရှိသည်။ * အဖုံးပေါ်တွင် တောင်ပံထိစပ်နေသောရွှေ ခေယူဗိန်နှစ်ယောက်ရှိသည်။ * ဘုရားသခင်က ဣသရေလလူများနှင့်တွေ့ရန် တလ္လားတော်အဖုံးနှင့် ခေယူဗိန်တောင်ပံဖြန့်ထားသောအောက်တွင်သာ တွေ့ဆုံသည်။ လူထုကိုယ်စား ယဇ်ပုရောဟိတ်မင်းတစ်ပါးကိုသာ ဝင်ခွင့်ပြုထားသည်။ * တစ်ခါတစ်ရံတွင် တလ္လားတော်အဖုံးကို ဂရုဏာပလ္လင်ဟုခေါ်ဆိုသည်။ ဘုရားသခင်က ဂရုဏာတော်သက်၍ အပြစ်သားများကိုရွေးယူရန်ဆက်သွယ်ခြင်းပင်ဖြစ်သည်။ ## ဘာသာပြန်အကြံပြုချက်များ * အခြားသုံးနိုင်သောအသုံးအနှုန်းများမှာ ဘုရားသခင်ရွေးယူရန်ကတိတော်ရှိသော ပဋိညာဉ်အဖုံးနေရာ၊ ဘုရားသခင်အပြစ်ဖြေသောနေရာ၊ ဘုရားသခင်၏ ခွင့်လွှတ်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းရရှိသောနေရာ ဟုလည်းဘာသာပြန်ဆိုနိုင်သည်။ * ကျေအေးခြင်းပြုလုပ်သောနေရာဟုလည်း ဘာသာပြန်ဆိုနိုင်သည်။ * အပြစ်ဖြေခြင်း၊ ကျေအေးခြင်း၊ ရွေးနုတ်ကယ်တင်ခြင်း ဟူသောအသုံးအနှုန်းများနှင့် နှိုင်းယှဉ်ပြီး ဘာသာပြန်ဆိုသင့်သည်။