# ကိုးကွယ်သည်၊ ကိုးကွယ်ခြင်း ## အသုံးအနှုန်းများ၏အဓိပ္ပါယ် "ကိုးကွယ်ရန်" ဟူသည့်အဓိပ္ပါယ်မှာ တစုံတစ်ယောက်ကို နာခံရန်၊ ချီးမွမ်းရန်နှင့် လေးစားရန် ဖြစ်ပြီး၊ အထူးသဖြင့် ဘုရားသခင်ကိုဆိုလိုသည်။ * ဤ အသုံးအနှုန်း၏ အဓိကဆိုလိုရင်းမှာ "ဦးချခြင်း၊ ကိုယ့်ကိုကိုယ် အပ်နှံခြင်း" သို့မဟုတ် "နှိမ့်ချစွာ တစုံတယောက်ကို လေးစားခြင်း" ဖြစ်သည်။ * ကျွန်ုပ်တို့ဘုရားသခင်ကို ကိုးကွယ်သည့်အခါ သူ့အမှုဆောင်ရွက်ခြင်း၊ လေးစားခြင်း၊ ချီးမွမ်းခြင်းနှင့် နာခံခြင်း ဖြစ်သည်။ * ဣသရေလလူမျိုးများမှ ဘုရားသခင်ကို ကိုးကွယ်သည့်အခါ ယဇ်ပုလင်ပေါ်၌ တိရိစ္ဆာန် ပူဇော်ခြင်းလည်း ပါဝင်သည်။ * တချို့လူများသည် လွဲမှားသော ဘုရားကို ကိုးကွယ်ကြသည်။ ## ဘာသာပြန်အကြံပြချက် * "ကိုးကွယ်သည်" ဟူသောအသုံးအနှုန်းကို "ဦးချခြင်း၊ လေးစားခြင်းနှင့် အမှုဆောင်ရွက်ခြင်း" သို့မဟုတ် "လေးစားခြင်းနှင့် နာခံခြင်း" ဟူ၍လည်း ဘာသာပြန်နိုင်သည်။ * စကားစုနှင့်သက်ဆိုင်သည့် ဆက်စပ်ထားချက်များတွင် "နှိမ့်ချစွာချီးမွမ်းသည်" သို့မဟုတ် "လေးစားစွာကိုးကွယ်သည်" ဟူ၍ ဘာသာပြန်နိုင်သည်။