# တရားစရပ် ## အသုံးအနှုန်းများ၏အဓိပ္ပါယ် တရားစရပ် ဆိုသည်မှာ ဂျုးလူမျိုးများဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန်တည်ဆောက်ထားသောနေရာဖြစ်သည်။ * ရှေ့ခေတ်ကတည်းက တရားစရပ်၏ အလုပ်များမှာ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း နှင့် ကျမ်းစာကို သွန်သင်ပေးခြင်း စသည်တို့ပါဝင်သည်။ * ဂျုးလူမျိုးများသည် သူတို့၏ ပြည်များတွင် ဘုရားသခင်အား ဆုတောင်းရန်နှင့် ကိုးကွယ်ရန် တရားစရပ်များကို ‌ဆောက်လုပ်ခြင်းများ အစပြုထားသည်၊ အဘယ်ကြောင့်ဆိုသော် အများစုသည် ဗိမ္မန်တော်တည်ရှိသော ယေရုဆလင်မြို့နှင့် ဝေးကွာသောအရပ်တွင် နေထိုင်ကြသောကြောင့်ဖြစ်သည်။ * ယေရှုသည် တရားစရပ်တွင် သင်ကြားပေးပြီး ကျန်းမာခြင်းကို ဖြစ်စေသည်။ * "တရားစရပ်" ဟူသောစကားလုံးသည် လူအုပ်စုများ တွေ့ဆုံနိုင်သောနေရာကို ပုံ‌ဆောင်ချက်အဖြစ် အသုံးပြုထားပါသည်။