# ဘုရား၏သားတော်၊ သား ## အသုံးအနှုန်းများ၏အဓိပ္ပါယ် "ဘုရားသခင်၏သားတော်" ဟုဆိုရာတွင် ယေရူခရစ်တော်ကို ပြောပြနေခြင်းဖြစ်ပြီး လူသားတစ်ဦးအနေဖြင့် လူ့လောကသို့ လာရောက်ထားခြင်းကို နူတ်ကပတ်တော်ထဲတွင် ဖော်ပြထားသည်။ သူကိုယ်တိုင်သည်လည်း တခါတရံ "သားတော်" အနေဖြင့် ရည်ညွန်းထားသည်။ * ဘုရားသခင်၏သားတော်တွင် ခမည်းတော်ဘုရားကဲ့သို့သော သဘောသဘာဝရှိနေကာ စင်စစ် ဘုရားပင်ဖြစ်သည်။ * ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား တို့သည် အနှစ်ချုပ်ဖြစ်သည်။ * လူသားတို့၏သားများကဲ့သို့မဟုတ်ပဲ ဘုရားသခင်၏သားတော်သည် ထာဝရတည်ရှိသောသူဖြစ်သည်။ * အစအဦး၌ ဘုရားသခင်၏သားတော်သည် ကမ္ဘာလောကကို ဖန့်ဆင်းသောအချိန်၌ ကိုယ်တိုင်ပါဝင်လူပ်ရှားခဲ့ပြီး ခမည်းတော်ဘုရားနှင့် သန့်ရှင်းသောဝိညာဉ်တော်နှင့် အတူပင်ဖြစ်သည်။ * အဘယ်ကြောင့်ဆိုသော် ယေရူသည် ဘုရားသခင်၏သားတော်ရင်းဖြစ်ပြီး သူသည် ခမည်းတော်ကို ချစ်ပြီး စကားတော်ကိုလည်းနာခံသောသူဖြစ်သည်။ ခမည်းတော်ကလည်းသူအားအလွန်ချစ်သည်။