# ယုဒရှင်ဘုရင် ## အသုံးအနှုန်းများ၏အဓိပ္ပါယ် "ယုဒရှင်ဘုရင်" ဟူသော အသုံးအနှုန်းသည် ယေရှု၊ မေရှိယကို ပေးသော ရာထူးဖြစ်သည်။ * ပထမဆုံးအကြိမ် ကျမ်းစာတွင် ပညာရှိများမှ သူငယ်ဖြစ်သော "ယုဒရှင်ဘုရင်" ကို လိုက်ရှာရန် ဗက်လင်မြို့သို့ ရောက်ကြသည် ဟူ၍အသုံးပြုသည်။ * ကောင်းကင်တမန်သည် မာရိအား သူမ၏သားသည် ရှင်ဘုရင် ဒါဝိဒ် အမျိုးဖြစ်ပြီး၊ သူသည် ထာဝရအုပ်စိုးမည့်သူ ဖြစ်ကြောင်းဖော်ပြခဲ့သည်။ * ယေရှုကားစင်မတင်ခင်တွင် ရောမစစ်သားများသည် သူ့ကို "ယုဒရှင်ဘုရင်" ဟုလှောင်ပြောင်ကြသည်။ ဤစာသားကိုရေးပြီး ယေရှု၏ကားတိုင်ထိပ်တွင် တပ်ဆင်ကြသည်။ * ယေရှုသည် အမှန်တကယ် ယုဒရှင်ဘုရင်ဖြစ်ပြီး ဖန်ဆင်းခံအားလုံးပေါ်တွင်လည်း ရှင်ဘုရင်ဖြစ်သည်။ ## ဘာသာပြန်အကြံပြုချက် * "ယုဒရှင်ဘုရင်" အသုံးအနှုန်းများကို "ယုဒလူမျိုး၏ဘုရင်"၊ "ယုဒလူများကို အုပ်စိုးသောဘုရင်" သို့မဟုတ် "ယုဒလူမျိုးများအပေါ်အာဏာရှိ အုပ်ချုပ်သူ" ဟူ၍ ပြန်ဆိုနိုင်သည်။ * အခြားနေရာများတွင် "ရှင်ဘုရင်၏" ဟူသောစကားစုကို မည်သို့ဘာသာပြန်ကြောင်းကိုလည်း စစ်ဆေးပါ။