# ငရဲ၊ ထာဝရမီး၊ မီးအိုင် ## အသုံးအနှုန်းများ၏အဓိပ္ပါယ် ငရဲသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး ယေရှု၏ အသေခံခြင်းဖြင့် ကယ်တင်ခြင်းသတင်းကို ပြငြင်းပယ်သောသူများကို ဘုရားသခင်အပြစ်ဒဏ်ပေးသောနေရာသည် "မီးအိုင်" ဟုလည်း ခေါ်သည်။ * ငရဲဆိုသည်မှာ မီးလောင်ကျွမ်းနေသောနေရာ၊ ပြင်းပြစွာဝေဒနာခံခြင်းနေရာဖြစ်သည်။ * စာတန်နှင့် သူ၏နောက်လိုက်နတ်ဆိုးများကို ငရဲမီးအိုင်ထဲမှာ ထာဝရအပြစ်ပေးခြင်းခံရမည်။ * ယေရှုအသေခံပေးသောအမှုကို မယုံကြည့်ခြင်းသည် သူတို့၏အပြစ်အတွက် ကယ်တင်ရန်မကိုးစားသောကြောင့် ငရဲမီးထဲတွင်ထာဝရနေရမည်ဖြစ်သည်။ ## ဘာသာပြန်အကြံပြုချက်များ * ဤဝေါဟာရကို မတူညီသောအကြောင်းအရာများအပေါ်မူတည်၍ အမျိုးမျိုးပြန်ဆိုရေးသားကြသည်။ * အချို့သောဘာသာစကားများ၌ မီးအိုင်ဟု သုံး၍မရပေ။ အကြောင်းမှာ "အိုင်" ဟုဆိုလျှင် "ရေ" ကို ရည်ညွန်းသောကြောင့်ဖြစ်သည်။ * "ငရဲ" ဟူသော ဝေါဟာရကို "ဒုက္ခခံရာအရပ်" (သို့) "အမှောင် နှင့် နာကျင်ခံရာ ထာဝရနေရာ" ဟူ၍ ပြန်ဆိုနိုင်သည်။ * "မီးအိုင်" ဟူသော ဝေါဟာရကို "မီးပင်လယ်" (သို့) "ကြီးမာသောမီး" ဟု ပြန်ဆိုနိုင်သည်။