# သင်းထောက်လူကြီး၊ ## အသုံးအနှုန်းများ၏အဓိပ္ပါယ် သင်းထောက်လူကြီးများသည် ဒေသန္တရအသင်းတော်များကို ဦးဆောင်ပြီး အစားအသောက်နှင့် ငွေကြေးကအစ အသင်းသားများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးသောပုဂ္ဂိုလ်များဖြစ်သည်။ * "သင်းထောက်လူကြီး" ဆိုသည့် စကားလုံးသည် ဂရိ စကားလုံး"အစေခံ" သို့မဟုတ်"အမှုတော်ဆောင်" မှဆင်းသက်လာခြင်း ဖြစ်ပါသည်။ * ကနဦးအသင်းတော်များခေတ်တွင် အသင်းထောက်လူကြီးများသည် အသင်းတော်၏အရေးကြီးသော အခန်းကဏ္တ တွင်ပါဝင်လျက်ရှိသည်။ * ဥပမာပြရမည်ဆိုလျင်၊ ဓမ္မသစ်ကျမ်းခေတ် အသင်းထောက်လူကြီးများသည် ငွေသားနှင့် အစားအ သောက်များ ကို ယုံကြည်သူများနှင့် မုဆိုးမများအပေါ်ခွဲဝေရာတွင်အဓိက တာဝန်ယူသူများ ဖြစ် သည်။ * "အသင်းထောက်လူကြီး" ဆိုသည့်စကားလုံးကို "အသင်းအမှုတော်ဆောင်၊" သို့မဟုတ် "အသင်းတော်၏အလုပ်သမား၊" သို့မဟုတ် "အသင်းတော်၏အစီခံ၊" ဟု ဘာသာပြန်လို့ရသလို အသင်းတော်၏ လုပ်ငန်းဆောင်တာ အဝဝ အတွက် အထူးခန့်အပ် တာဝန်ပေးထားခြင်း ခံရသူ ဟူ၍ သိရှိနိင် ပါသည်။