# ပဋိညာဉ်သစ္စာ၊ ချစ်ကြင်နာခြင်း၊ တစ်ဖက်သတ်မေတ္တာ၊ ## အသုံးအနှုန်းများ၏အဓိပ္ပါယ် ဤစကားမှာ လူသားများအပေါ်ဘုရားက ပြုလုပ်ပေးမည့်ကတိစကားများဖြစ်ပါသည်။ * ဣသရေလလူမျိုးနှင့် ဘုရားပြုလုပ်သော တရားဝင်သဘောတူညီချက်များမှာ ပဋိညာဉ်များဖြစ်သည်။ * ထာဝရဘုရား၏ မိမိလူများအပေါ်ကတိတည်ခြင်းကို "ပဋိညာဉ်သစ္စာ၊ ပဋိညာဉ်ကတိ" ဟု ခေါ်ဆိုပါသည်။ * ဘုရားက မိမိကတိများကိုသစ္စာရှိစွာပြုလုပ်ပေးခြင်းသည် မိမိ၏ ကျေးဇူးတော်ကိုဖော်ပြခြင်းပင်ဖြစ်သည်။ * "သစ္စာရှိခြင်း" ဆိုသောစကားမှာ ကတိပေးထားသည့်အတိုင်းပြုလုပ်ခြင်းဖြစ်ပြီး တစ်စုံတစ်ယောက်အတွက် အကျိုးရှိပါသည်။ ## ဘာသာပြန်အကြံပြုချက်များ * ပဋိညာဉ်၊ သစ္စာရှိခြင်း စသည်တို့ကိုဘာသာပြန်ဆိုသည့်အပေါ်မူတည်ပြီး အသုံးပြုရမည်ဖြစ်သည်။ * အခြားအနေဖြင့်၊ သစ္စာရှိသောချစ်ခြင်း၊ ကတိပြုအပ်နှံသောအချစ်၊ အမှီခိုကင်းစွာချစ်ခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။