# ပဋိညာဉ် ## အသုံးအနှုန်းများ၏အဓိပ္ပါယ် "ပဋိညာဉ်" ဆိုသည်မှာ နှစ်ဦးနှစ်ဖက် သဘောတူထားပြီး နှစ်ဦးနှစ်ဖက်ပြည့်စုံအောင်ဆောင်ရွက်ရသောအရာဖြစ်သည်။ * တစ်ဦးတစ်ယောက်ကြားရှိ သဘောတူညီချက်မျိုးဖြစ်နိုင်သလို၊ အဖွဲ့လိုက်၊ သို့မဟုတ် ဘုရားနှင့်လူ ကြားရှိသဘောတူညီချက်မျိုးလည်းဖြစ်နိုင်သည်။ * လူတစ်ဦးနှင့်တစ်ဦး ပဋိညာဉ်ပြုလုပ်ရာတွင် တစ်စုံတစ်ခုလုပ်မည်ဟုကတိပေးကြပြီး အမှန်တကယ်လုပ်ရမည်လည်းဖြစ်ပါသည်။ * လူသားများပြုလုပ်သော ပဋိညာဉ်များမှာ "လက်ထပ်ခြင်း၊ စီးပွားဖက်ပြုလုပ်ခြင်း၊ နိုင်ငံများကြားရှိ စာချုပ်ရေးထိုးခြင်း" စသည်တို့ဖြစ်ပါသည်။ * သမ္မာကျမ်းစာထဲတွင် ဘုရားသခင်သည် သူ၏လူမျိုးတော်နှင့်ပြုလုပ်သော ပဋိညာဉ်များရှိပါသည်။ * အချို့သောပဋိညာဉ်များတွင် ဘုရားကသူ၏အပိုင်းကိုအခြေနေပေါ်မမှုတည်ဘဲပြည့်စုံစေမည်ဟု ကတိပေးတတ်သည်။ ဥပမာ- ဘုရားက လူကိုရေဖြင့်မစီရင်တော့ကြောင်း ပဋိညာဉ်ပြုလုပ်ချိန်ဖြစ်ပြီး ဤပဋိညာဉ်သည် လူအနေဖြင့် ဘာမျှပြုလုပ်စရာမလိုသော ပဋိညာဉ်ဖြစ်ပါသည်။ * အချို့ပဋိညာဉ်များတွင် လူသားများဖက်မှ ကတိပြည့်စုံမှသာ ဘုရားကမိမိဖက်က ပဋိညာဉ်ကိုပြည့်စုံစေမည်ဖြစ်ကြောင်း ပါရှိပါသည်။ ## ဘာသာပြန်အကြံပြုချက်များ * ရေခံမြေခံပေါ်မူတည်ပြီး "သဘောတူညီချက်ကိုချမှတ်သည်၊ တရားဝင်ကတိပြုခြင်း၊ ကတိ၊ စာချုပ်" ဟုလည်း ဘာသာပြန်ဆိုနိုင်သည်။ * အချို့ဘာသာစကားတွင် ပြုလုပ်ရမည်ဖြစ်သော ကတိကဝတ်များအပေါ်မူတည်ပြီး ပဋိညာဉ်အစား အခြားသောစကားလုံးဖြင့် အသုံးပြုနိုင်သည်။ ပဋိညာဉ်မှာ တစ်ဖက်တည်းဖြစ်နေပါက "ကတိကဝတ်အဖြစ်" သာဘာသာပြန်ဆိုရမည်။ * ပဋိညာဉ်ဟူသောအဓိပ္ပာယ်မှာ လူသားများဖက်က တောင်းဆိုသောအရာမဟုတ်ပေ။ ဘုရားနှင့်လူကြားပြုလုပ်သော ပဋိညာဉ်အားလုံးတွင် ဘုရားဖက်ကသာစတင်ပြုလုပ်ခြင်းဖြစ်သည်။