# ကြွားသည်၊ ဝါကြွားသော ## အသုံးအနှုန်းများ၏အဓိပ္ပါယ် ကြွားသည် ဆိုသောအဓိပ္ပာယ်မှာ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကြောင့် ဝင့်ကြွားစွာပြောခြင်းဖြစ်သည်။ မိမိကိုယ်ကို လေလုံးထွားခြင်းဖြစ်သည်။ * ဝါကြွားသောသူသည် မိမိအကြောင်းကို ဂုဏ်ဝင့်စွာပြောကြားသည်။ * ဣသရေလ လူများသည် သူတို့၏ရုပ်တုများဝင့်ကြွားကြသောကြောင့် ဘုရားသခင်ပြင်းစွာသွန်သင်ခဲ့သည်။ စစ်မှန်သောဘုရားမဟုတ်ဘဲ မှားယွင်းသောဘုရားကို ဝင့်ကြွားစွာကိုးကွယ်ခဲ့ကြသည်။ * ကျမ်းစာထဲတွင်လည်း ကြွယ်ဝမှု၊ ခွန်အားကြီးမှု၊ လယ်မြေဖြစ်ထွန်းမှု၊ အာဏာတည်မြဲမှုကို ဝါကြွားသောသူများအကြောင်းရှိပါသည်။ ထိုသူတို့သည် ဤအရာများအပေါ်ဝါကြွားပြီး ဘုရားကထိုအရာများကိုပေးထားကြောင်းကို အသိအမှတ်မပြုခြင်းဖြစ်သည်။ * ဣသရေလလူများ မိမိကို သိခြင်းကြောင့်သာ ဝါကြွားစေရန် ဘုရားကသွန်သင်ထားသည်။ * တမန်တော်ပေါလုကလည်း ဘုရားပြုခဲ့ပြီးသော ကျေးဇူးတော်များအတွက် ကျေးဇူးတင်ပြီးပျော်ရွှင်ရန် ထိုကဲ့သို့သာ ဝါကြွားရန်သွန်သင်ခဲ့သည်။ ## ဘာသာပြန်အကြံပြုချက်များ * ဝါကြွားခြင်းကို မောက်မာခြင်း၊ ဝင့်ကြွားစွာပြောဆိုခြင်း၊ ဂုဏ်ယူခြင်းဟုလည်း ဘာသာပြန်ဆိုနိုင်သည်။ * ဝါကြွားသော ကို ဂုဏ်ဝင့်သောစကားများဖြင့်ပြည့်နှက်နေသော၊ တစ်စုံတစ်ယောက်အကြောင်း ဝင့်ကြွားစွာပြောနေသော ဟုပြန်ဆိုနိုင်သည်။ * ဘုရားကိုသိကျွမ်းရာ၌ဝင့်ကြွားခြင်း ဆိုသည်မှာ ဂုဏ်ယူခြင်း၊ အလေးမြတ်ထားခြင်း၊ လွန်စွာဝမ်းမြောက်ခြင်း၊ ဘုရားကိုကျေးဇူးတင်ခြင်း စသည်တို့ဖြစ်သည်။ * အချို့ဘာသာစကားတွင် မာနဟူသောစကားသည် အဓိပ္ပာယ်(၂) မျိုးရှိသည်။ မောက်မာခြင်း ဟူသောအနုတ်လက္ခဏာနှင့် မိမိအလုပ်၊ မိသားစု၊ နိုင်ငံအတွက် ဂုဏ်ယူသည်ဟူသော အပေါင်းလက္ခဏာ တို့ဖြစ်သည်။