# ရေနှစ်ခြင်းခံသည်၊ ဗတ္တိဇံ ## အသုံးအနှုန်းများ၏အဓိပ္ပါယ် ဓမ္မသစ်ကျမ်းစာ၌ ဗတ္တိဇံ (ရေနှစ်ခြင်းပေးခြင်း) ဟူသောအသုံးအနှုန်းမှာ အပြစ်မှသန့်စင်ခြင်း၊ ခရစ်တော်နှင့်ပေါင်းစည်းခြင်းကို ပြသည့်အနေဖြင့် ခရစ်ယာန်တစ်ယောက်ပြုလုပ် ကျင့်သုံးသောအရာဖြစ်သည်။ * ရေ၌နှစ်ခြင်းခံခြင်းအပြင် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် နှစ်ခြင်းခံခြင်း၊ မီးဖြင့်နှစ်ခြင်းခံခြင်း ဟူ၍လည်း ကျမ်းစာထဲတွင် ဖော်ပြထားသည် ။ * နှစ်ခြင်းဟူသော အသုံးအနှုန်းကို ကြီးမားသောဒုက္ခ ဟူ၍လည်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ ## ဘာသာပြန်အကြံပြုချက်များ * လူတစ်ဦးမည်သို့ နှစ်ခြင်းခံသင့်သည် ဟူ၍ မတူညီသော ခံယူချက်အမြင် အမျိုးမျိုး ရှိနေပါသည်။ ရေကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနေသောကြောင့် ယေဘုယျဆန်ဆန် ဘာသာပြန်သင့်သည်။ * အသုံးပြုသည့်အပေါ်မူတည်ပြီး ဗတ္တိဇံကို သန့်ရှင်းစေခြင်း၊ ရေလောင်းခြင်း၊ ရေထဲနှစ်ခြင်း ဟု ဘာသာပြန်ဆိုသင့်သည် ။