# ပဋိညာဉ်သေတ္တာ၊ ပဋိညာဉ်ဒီဂရီ၊ ဘုရားသခင်၏တလ္လားတော် ## အသုံးအနှုန်းများ၏အဓိပ္ပါယ် ဤစကားသည် ရွှေကွပ်ထားသောသစ်သားပုံး၊ အထဲတွင် ပညတ်တော် (၁၀) ပါးရေးသားထားသော ကျောက်ပြားနှစ်ချပ်ကိုထည့်သွင်းထားသည်။ အာရုန်၏တောင်ဝှေးနှင့် မာနမုန့်ဖလားပါရှိပါသည်။ * "လှေကြီး" ဟူသောစကားကို ဤနေရာတွင် ပုံး၊ သေတ္တာ၊တလ္လားတော် ဟုဘာသာပြန်ဆိုနိုင်သည်။ * တလ္လားတော်ထဲရှိပစ္စည်းများမှာ ဘုရားသခင်နှင့်ဣသလေရလလူမျိုးတို့၏ ပဋိညာဉ်ကိုပြသလျက်ရှိသည်။ * ပဋိညာဉ်တလ္လားတော်သည် အသန့်ရှင်းဆုံးဌာနတော်ထဲတွင်ရှိသည်။ * ဣသရေလလူမျိုးတို့အား မောရှေမှတစ်ဆင့်စကားပြောကြားရာတွင် ဘုရားသခင်က အသန့်ရှင်းဆုံးဌာနတော်ထဲရှိ ပဋိညာဉ်တလ္လားတော်ပေါ်တွင် ထင်ရှားလေသည်။ * ပဋိညာဉ်တလ္လားတော်သည် အသန့်ရှင်းဆုံးဌာနတော်ထဲတွင်ရှိနေစဉ်၌ ထိုနေရာကို တစ်နှစ်တစ်ကြိမ်ရောက်ရှိသော အပြစ်ဖြေရာနေ့ ရောက်သောအခါမှသာ ယဇ်ပုရောဟိတ်မင်းတစ်ပါးထဲ ကသာဝင်ခွင့်ရရှိလေသည်။ * ပဋိညာဉ်ဒီဂရီ ဟူသောအသုံးအနှုန်းကို အင်္ဂလိပ်အသုံးအနှုန်းများတွင် သက်သေခံချက်ဟူ၍ ဘာသာပြန်ဆိုသည်။ အဓိပ္ပာယ်မှာ ပညတ်တော် ၁၀ပါးသည် ဘုရားသခင်နှင့် သူ၏လူမျိုးတော်ပြုခဲ့သော ပဋိညာဉ်ကိုသက်သေခံလျက်ရှိသည်။ ပညတ်တော်ဥပဒေသ ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။