# လှေကြီး ## အသုံးအနှုန်းများ၏အဓိပ္ပါယ် လှေကြီး ဟူသောဝေါဟာရမှာ ထောင့်မှန်စတုရန်းပုံစံရှိသော သစ်သားသေတ္တာ ဖြစ်သည်။ လှေကြီး၏အရွယ်အစားမှာ အသုံးပြုသည့်အခြေအနေပေါ်တွင်မူတည်ပြီး အကြီးအသေးကွာခြားပါသည်။ * အင်္ဂလိပ်အဘိဓာန်တွင် လှေကြီးဟူသောစကားမှာ စတုရန်းပုံစံရှိ သစ်သားလှေကြီးဖြစ်၍ ကမ္ဘာကြီးကိုရေလွှမ်းမိုးချိန်က နောဧ တည်ဆောက်အသုံးပြုခဲ့သော လှေဖြစ်သည်။ လှေကြီး၏ ဝမ်းဗိုက်၊ အမိုးနှင့် နံရံများသည် ပြားချပ်သော ပုံစံရှိသည်။ * ဤစကားလုံးကို ကြီးမားသောလှေ၊ ဝမ်းပြားသင်္ဘော၊ ကုန်တင်သင်္ဘော၊ သေတ္တာပုံလှေ ဟုဘာသာပြန်ဆိုနိုင်သည်။ * ဟေဗြဲစကားတွင် ဤစကား၏အဓိပ္ပာယ်မှာ မောရှေကိုထည့်၍ဝှက်ထားသောခြင်းတောင်းနှင့်အတူတူပင်ဖြစ်သည်။ ခြင်းတောင်းဟုလည်း ဘာသာပြန်ဆိုလေ့ရှိသည်။ * ပဋိညာဉ်သေတ္တာ ဟူသောအသုံးအနှုန်းတွင် လှေဟူသောအဓိပ္ပာယ်မပါရှိပေ။ ဤစကားတွင် လှေဟူသောစကားလုံးအစား သေတ္တာ၊ ခွက်၊ ပုံး ဟုအသုံးပြုနိုင်သည်။ * ဤစကားလုံးကို ဘာသာပြန်ဆိုရာတွင် အခြေအနေ၊ အကျိုးအကြောင်းပေါ်မူတည်ပြီး ဘာသာပြန်ဆိုသင့်သည်။