# ဧနောက်သည် အာဒံမှဆင်းသက်သောမျိုးဆက်၏ ဘယ်နှစ်ဆက်မြောက် မျိုးဆက် ဖြစ်သနည်း။ ဧနောက်သည် အာဒံမှ ဆင်းသက်သောမျိုးဆက်၏ ခုနှစ်ဆက်မြောက်သောသူ ဖြစ်ပါသည်။ # ဘုရားသခင်သည် မည်သူများအပေါ် တရားစီရင်ခြင်းကို ပြုတော်မူမည်နည်း။ ဘုရားသခင်သည် ခပ်သိမ်းသောသူတို့ကို တရားစီရင်ခြင်းကို ပြုတော်မူမည်။ # အပြစ်ရှိသည်ဟု ဖော်ပြစီရင်ခြင်းကို ခံရမည့် ဘုရားမရှိသော အဓမ္မလူတို့သည် မည်သို့သောသူများ ဖြစ်ကြသနည်း။ ထိုသူတို့သည် မြည်တန်း၍ အပြစ်တင်တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ၊ ထောင်လွှားသောစကားကို ပြောတတ်သောသူ၊ ကိုယ်အကျိုးစီးပွားကြောင့် သူ့မျက်နှာကိုလိုက် ထောက်ထားခန့်ညားတတ်သောသူတို့ ဖြစ်ကြ၏။