# ဤစာစောင်ထဲတွင် ကျမ်းစာရေးသူ ရှင်ယောဟန်သည် သူ့ကိုယ်သူ မည်သို့သောသူကဲ့သို့ ဖော်ပြသနည်း၊၊ ရှင်ယောဟန်သည် အသက်ကြီးသူအဖြစ် သူကိုယ်သူ မိတ်ဆက်သည်။ # ဤစာစောင်ကို လက်ခံရရှိသော ဂါယုနှင့် ရှင်ယောဟန်သည် မည်ကဲ့သို့ ဆက်ဆံမှုရှိသနည်း။ ရှင်ယောဟန်သည် ဂါယုကို မှန်ကန်သောချစ်ခြင်း မေတ္တာရှိသည်။ # ရှင်ယောဟန်သည် ဂါယုနှင့်ပတ်သက်၍ မည်သည်အတွက် ဆုတောင်းပေးသနည်း။ ရှင်ယောဟန်သည် ဂါယုအတွက် အရာရာ၌ ကောင်းစားသကဲ့သို့ စိတ်နှလုံးနှင့်ကျန်းမာခြင်းရှိမည်အကြောင်း ဆုတောင်းပေးသည်။ # ရှင်ယောဟန် အလွန်ဝမ်းမြောက်ခြင်းမှာ အဘယ်ကြောင့် ဖြစ်သနည်း၊၊ ရှင်ယောဟန်၏ လွန်စွာဝမ်းမြောက်ရခြင်းမှာ သူ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ကြားရခြင်းကြောင့်ဖြစ်သည်။